Sunday, April 27, 2008

တံခါးခေါက်ပါ....


အလွမ်းတွေရင်နဲ့ မမျှလို့
ပန်းတွေအဖြစ် ဖန်ဆင်း
ရင်တွင်းက တောအုပ်မှာ
အလွမ်းတို့ ဖွေးဖွေးလှုပ်နေပြီ....


ဧပရယ် ရဲ့ ညတို့
ဖြေဆည်လို့မရနိုင်ပေါ့
ရင်ဝကို တည့်တည့်တိုး
အဲဒီအလွမ်းတို့ မသိုးသေးဘူး....


မရိုးတဲ့သီချင်းကိုပဲ ဖွင့်
ပျံ့လွင့်နေတဲ့လေထုထဲမှာလည်း
အလွမ်းတွေ ရောသွမ်းနေတုန်းပဲ......


တခမ်းတနား မဟုတ်ပေမဲ့
နေ့တိုင်း လွမ်းဖျား ဖျားခဲ့တယ်
အချစ်ဖျားက ၁၀၈
ဘယ်တော့မှ အမြစ်ပြတ်မှာလဲ...


ရင်ပတ်နှောင်ချည်
ဆန္ဒ တွေအလီလီနဲ့
ပြဒါးရှင် သာရှိခဲ့ရင်
တစ်ရက်တစ်ခေါက်တော့
သူမဆီရောက်နေမှာပဲ.....


ဖြေလည်းမပျောက်လို့
ရေသောက်တဲ့နွေမှာ
ငါခြေရာဖျောက်ခဲ့တယ်
( ချစ်သူရေ..... )
မင်းရောက်ရင် တံခါးခေါက်ပါ....



ဖြိုးငယ်

8 comments:

NatShinNaung on April 27, 2008 at 3:46 AM said...

ခံစားမှုတွေ အပြည့်နဲ့ ပေါ့ ကိုဖြိုးငယ်။ ကောင်းတယ်ဗျာ။ ဒီကဗျာတွေကို အပိုင်သိမ်းထားချင်တာ။ ကဗျာစာအုပ်လုပ်ပေး။ :P

အိတာ on April 27, 2008 at 10:11 AM said...

တခမ်းတနား မဟုတ်ပေမဲ့
နေ့တိုင်း လွမ်းဖျား ဖျားခဲ့တယ်
အချစ်ဖျားက ၁၀၈
ဘယ်တော့မှ အမြစ်ပြတ်မှာလဲ...

အဲဒါလေးမိုက်တယ်။။။

Soe Mya Nandar Thet Lwin (Borros Roxo) on April 27, 2008 at 4:33 PM said...

Every single poem u composed, there something meaningful in it.

Brilliant ideas, fabulous moods, beautiful words!!!

There no words i can find to say more. So, here i am to say again Loving it very much...,

Soe Mya Nandar Thet Lwin

ein on April 28, 2008 at 3:36 AM said...

ဒုန်းဒုန်းနဲ့ဆိုလား ငါကြားလိုက်သလိုပဲကွ ဟိ တံခါးခေါက်သံကိုပြောတာနော်...း)
တစ်ရက်တစ်ခေါက်တောင်သူမလေးဆီရောက်တယ်
ဆိုပါလားနော် ဘယ်လိုရောက်သွားတာလဲကွ ပြောပြပါဦးနာ့တို့လဲ သိရအောင်ပေါ့...:P
အော အပြောဘူးတဲ့ဆိုပါလား ...း)
၁၀၈ အချစ်ဖျား၊အလွမ်းဖျားလေးအမြန်ဆုံး
အမြစ်ဖြတ်လိုက်တော့လေကွာ တော်ကြာ ဟဲဟဲ သူမလေးတောင် ကုရခက်နေဦးမယ်နော်...း)
ကဗျာတွေသွက်နေပါလားဖြိုးငယ်ရေ...သူမလေးနဲ့အဆင်ပြေပါစေ...း)

lwansay on April 28, 2008 at 5:25 AM said...

ပြဇာတ်ဆရာလေသံနဲ့ပါလာ ... ဟဲ ဟဲ
ကောင်လေး လွမ်းနေပီပေါ့လေ...

ဒီဇင်ဘာနှင်း on April 28, 2008 at 7:41 AM said...

ချစ်သူပြန်လာရင် တံခါးပဲခေါက်ခိုင်းမှလြား :P

ကြယ်စင်နတ်သမီး on April 29, 2008 at 12:47 AM said...

တံခါးတွေစွတ်ခေါက်ခိုင်းမနေနဲ့ဦး...
သူမလေးလက်နာသွားဦးမယ်...
ဘဲလ်လေးဘာလေးတတ်ပေးထားလေ... ဟိ ဟိ...
ချစ်တီးလုပ်မနေနဲ့... ကြားလား...

တင့်ထူးရွှေ on May 2, 2008 at 11:08 AM said...

ဘယ်သူတွေများတံခါး လာခေါက်လဲလို့ ၀င်ကြည့်တာ :)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template