Wednesday, April 16, 2008

ကြိုလိုက်ကြဆို့..သယ်ရင်းတို့


ဟော....
ဟိုမှာကြည့်စမ်းသယ်ရင်းတို့
တစ်သုံးခြောက်ကိုးက
တိုးတိုးလေးလက်ပြထွက်ခွာ....
တစ်သုံးခွန်သုံညက
လက်ကမ်းကာ ကြိုဆိုနေပြီ..
အို..... မြန်မာပြည် အေးချမ်းပါစေ.....


ဘေးဘယာ ဝေးကွာ
နှစ်သစ်ဆိုတဲ့ အခါ သမယ
ရွှင်ပြနှလုံးနဲ့ တစ်ကမ္ဘာလုံးလှပါစေ
မေတ္တာရေ သွန်းဖျန်း
အေးချမ်းတဲ့ နိမိတ်က
ဟော...
အရှေ့ယွန်းဆီက လာတဲ့ရောင်ခြည်
ဒီနေ့ ပိုနီလာသလိုပဲ......


အတိတ်ကိုထားခဲ့တော့
စိတ်ကလေးကိုလည်းတက်နိုင်သမျှပြုပြင်
အကောင်းတွေ တန်ဆာဆင်ကြတော့
ချစ်ခင်ကာ လက်တွဲကြမယ်
တို့ညီရင်း မောင်နှမတွေလို
ဒီနှစ်သစ်ကိုကြိုဆိုကြပါစို့
ကျန်တာတွေမေ့
ဟော ဟိုကတွေတဲ့
တစ်သုံးခွန် သုံညကို
ညီညာဖြဖြ နှုတ်ဆက်ကြပါစို့
ချစ်သော သယ်ရင်းအပေါင်းတို့....





ဖြိုးငယ်

2 comments:

Soe Mya Nandar Thet Lwin (Borros Roxo) on April 16, 2008 at 3:02 PM said...

Loving the poem..,

Here I am to wishing you..,

'HAPPY MYANMAR NEW YEAR, 1370'
ALL THE BEST.....,

Soe Mya Nandar Thet Lwin

ein on April 17, 2008 at 12:17 AM said...

၁၃ရ၀ မင်္ဂလာနှစ်သစ်ကို အကောင်းတွေ တန်ဆာဆင်ပြီး ညီညာဖြဖြ နှုတ်ဆက်ုကြိုဆိုပါတယ်ရှင်...း)
မင်္ဂလာနှစ်သစ် မှသည် အဆင်ပြေပျော်ရွှင်ပါစေ...း)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template