Friday, April 11, 2008

အရူးလေးရဲ့ ချစ်သူ


တကယ်တွေးရင်

ငါက အရူးလေးပါဆိုတာတောင်

မထူးသယောင် ပြုံး

ကျွန်တော်ကို မမုန်းပဲ

အရူးလေးချစ်သူအဖြစ်ကျေနပ်

သူမ နေတက်ခဲ့တယ်....


ဒီရေ မတက်

လ မထွက်တဲ့ ညမှာလည်း

သူမရဲ့ ရနံ့တွေမွှေးပျံ့

ထာဝရရဲ့ တစ်ဖက်တစ်ချက်မှာ

သူမက ရပ်မလို့ပေါ့.....


အထူးအဆန်း

အရူးအနှမ်းလေးကိုမှ

သူမက အသဲစွဲ

အသည်းအမဲ ကိုချစ်ရှာသတဲ့....


ဒီလိုနဲ့

ဘယ်သူမှမသိခိုက်

ကျွန်တော်သောက်မိလိုက်တဲ့ မိုးခါးရေတစ်စက်

ဝိုင်တစ်ခွက်နဲ့ရောစပ်

သူမနဲ့ကွန်တော်

တစ်ယောက်တစ်ခွက် ထပ်သောက်လိုက်တယ်..


ရောင်နီလာပြီလေ...

အနောက်အရပ်က နေထွက်တော့မယ်

အဲဒီကမ္ဘာမှာ ကျေနပ်စွာရူးကြပါစို့တဲ့...

သူမက အရူးလေးရဲ့ချစ်သူပါ.....


ဖြိုးငယ်

3 comments:

ein on April 11, 2008 at 2:48 PM said...
This comment has been removed by the author.
ein on April 11, 2008 at 2:49 PM said...

အရူးလေးရဲ့ ချစ်သူအဖြစ်ကျေနပ်စွာ နေတတ်တဲ့ ၊ထာဝရရဲ့တစ်ဖက်တစ်ချက်မှာနေတတ်တဲ့သူမလေးကို လေးစားတယ်ကွ...း)

မေမိုးမခ on April 12, 2008 at 6:22 AM said...

အရူးလေးကိုပဲ ချစ်ချင်တယ် ဒါမှစကားမများမှာ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template