Monday, April 14, 2008

သင်္ကြန်ဆိုတာ လွမ်းတေးတစ်ပုဒ်


သြော်..ရောက်လာပြန်ပေပေါ့ ..သင်္ကြန်.....

သင်္ကြန်..သင်္ကြန်နဲ့သာပြောနေတာ...တကယ်တော့ ကျွန်တော့်ဘ၀မှာ သင်္ကြန်ဆိုတာ အခုအချိန်ထိ တစ်ခါမှ ရေရေရာရာပျော်ဖူးတယ်ဆိုတာ မရှိခဲ့ပါဘူး....ကလေးဘ၀ သင်္ကြန်ရောက်လာရင် ရေပက်မယ်... ရေပက်ခံထွက်မယ်...ဒီလောက်ပဲ သိတာပါ..

မှတ်မှတ်ရရ ...တစ်ခါတော့ ပျော်တယ်လို့ သတ်မှတ်ဖူးတဲ့ သင်္ကြန်လေးတစ်ခု ရှိဖူးတယ်...အခု သင်္ကြန်ရောက်လာတော့ အဲဒါလေးတွေ ပြန်အမှတ်ရမိတယ်... မီးငယ် ကလည်း Tag ထားတော့ အခု အဲဒါလေးကိုတွေးမိသွားတယ်.....

၂၀၀၁ သင်္ကြန်

လွန်ခဲ့တဲ့ ၇ နှစ်ကပေါ့....အချိန်ကတော့ နည်းနည်းကြာနေပါပြီ... ၁၀ တန်းဖြေပြီးကာစ ဆိုတော့ အားနေတာပေါ့..သင်္ကြန်ကိုလည်း အပြတ်ကဲမယ်လို့ စိတ်ကူးထားတာပေါ့..ဒီလိုနဲ့ သင်္ကြန်နားနီးလာတော့
လမ်းထဲက လူငယ်တွေ ပေါင်းမိပြီးစတုဒီယာကျွေးဖို့ အကြံလေးရသွားတယ်....ဒါပေမဲ့ အားလုံးက
ကျွန်တော့် အရွယ် လူငယ်တွေ.. ၁၆ နှစ် ၁၇ နှစ်..အကြီးဆုံးတွေမှ၂၀ ကျော်လောက်ပါတာလေ... အဲ..ဒါပေမဲ့လူငယ်တွေ စွမ်းအားရှိတယ် ဆိုတာပြ ချင်တာပေါ့..ဒီလိုနဲ့ပေါင်းပြီးတိုင်ပင်ကြတယ်...
ငွေအင်အားကလည်းအလုံအလောက်မရှိတာနဲ့ အလှူခံထွက်ဖို့ ဆုံးဖြတ် ... သင်္ကြန်ရက် မရောက်ခင်
၁ ပတ်အလိုစတင် အကောင်အထည် ဖော်ကြတာပေါ့. … ...လူ့သဘော သဘာဝ ဘာပဲလုပ်လုပ်
အကောင်းမြင်တဲ့သူရှိသလို မကောင်းမြင်တဲ့လူတွေလည်းရှိတယ်ပေါ့…ကျွန်တော်တို့ ရွယ်တူချင်းက အစ
ကျွန်တော်တို့လုပ်တာကိုဝိုင်းဝန်းမလုပ်တဲ့အပြင် အထင်သေးတဲ့ပုံစံတွေနဲကြည့်ကြတယ်…အဲဒီတော့
ကျွန်တော်တို့က ပိုပြီးဖြစ်အောင်ကိုလုပ်ပြလိုက်တာ…သင်္ကြန် ၃ ရက်လုံးကို တစ်နေ့တစ်မျိုး မုန့်တွေလုပ်ပြီး
ကျွေးနိုင်ခဲ့တယ်..အဲဒီသင်္ကြန်က ကျွန်တော့် အတွက်ပျော်ရွှင်စေခဲ့တယ်…ပီတိ ဖြစ်စေခဲ့တယ်..
ကြည်နှုးစေခဲ့တယ်……


၂၀၀၂ ၊ ၂၀၀၃ ၊ ၂၀၀၄ သင်္ကြန်

ဒီလိုနဲ့ အဲဒီသင်္ကြန်လည်းပြီးရော နောက် ၃ နှစ်ဆက်တိုက် ပြင်ဦးလွင်မှာပဲ တိတ်တိတ်ပုန်း
သင်္ကြန်ကျခဲ့ရတယ်..ဘာမှန်းတောင်မသိလိုက်ပါဘူး…နည်းနည်းတော့ပျော်လိုက်ရသေးတယ်….
ပြင်ဦးလွင်ရဲ့ သင်္ကြန်ကို မြင်ခွင့်ရခဲ့ပါတယ်……

၂၀၀၅ သင်္ကြန်

အဲဒီနှစ်ကတော့ တောင်ပေါ်လူသူသိပ်မရှိတဲ့ နေရာမှာ ဖန်တီးထားတဲ့ သင်္ကြန်နဲ့ ကုန်ဆုံးခဲ့ရပြန်ရော….မနက်ပိုင်းတစ်ပိုင်းသာ သင်တန်းသားတွေအတွက် လုပ်ပေးတဲ့သင်္ကြန်ကို
ပျော်ခဲ့ရပြန်တယ်..ဒါပေမဲ့ သင်္ကြန်ရဲ့ အနှစ်သာရရှိသေးတယ်လေ….

၂၀၀၆ သင်္ကြန်

ဟဲ ဟဲ အဲဒီနှစ်မှာတော့ မျှော်လင့် ခဲ့တဲ့ အတိုင်းမွေးရပ်မြေမှာ သင်္ကြန်ပြန်ကျရတယ်….
ပျော်တာ မပျော်တာထက် အရမ်းကိုကြည်နှုးခဲ့မိတယ်..မွေးရပ်မြေရဲ့ သင်္ကြန်ကို စွန့်ခွာခဲ့ရတာ ၄ နှစ်တိုင်နေပြီလေ…မွေးရပ်မြေမှာလည်း ငယ်ငယ်ကလောက်တော့ ပျော်ဖို့မကောင်း…
သူငယ်ချင်းတွေကလည်း ဟိုနားတစ်ယောက် ဒီနားတစ်ယောက်..ကျောင်းသွားတက်သူက တက်..
အလုပ်သွားလုပ်သူက လုပ်…နိုင်ငံခြားသွားသူက သွားနှင့်…မတွေ့မိကြတော့….မှန်တော့မှန်သည်…
ကျွန်တော်တောင် ၄ နှစ်တိုင်တိုင် မွေးရပ်မြေသင်္ကြန်ကို စွန့်ခွာပြီးမှအခုမှ သူငယ်ချင်းတွေ အားလုံးကို ပြန်ဆုံနေစေချင်သည် ကတော့ မဖြစ်နိုင်ချေ….အသက်က မကြီးသေးပေမဲ့ ဆယ်ကျော်သက် လောက်တုန်းကစိတ်တွေလိုလည်း မဟုတ်တော့….သင်္ကြန်ကို သူများတွေ ပျော်တာ ဆော့တာ ကိုကြည့်ပြီး ကျွန်တော် က ကြည်နှုးသူပါ….ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်သည်….သင်္ကြန်ကို မြင်နေရယုံနှင့် ကျွန်တော်ပျော်ပါသည်…

၂၀၀၇ ။ ၂၀၀၈ သင်္ကြန်

သင်္ကြန်ဆိုတာ ဘာလဲ…လို့ ပြန်မေးရမဲ့ နှစ်တွေပါ…..အွန်လိုင်းသင်္ကြန်ကိုသာ ပျော်ပျော်ကြီး..ဆင်နွဲနေရတယ်…နောက်ပြီး ဘလော့ သင်္ကြန်ပေါ့..အဲဒါသင်္ကြန်ပါပဲလေ…
သင်္ကြန်အငွေ့အသက် ဆိုတာ ဘာမှမရှိ..ရေမထိတဲ့ သင်္ကြန်ပေါ့….သင်္ကြန်ကိုလွမ်းရတာ က
အလုပ်တစ်ခုပေါ့….သင်္ကြန်မှာ ရေမထိဘူး…မုန့်လုံးရေပေါ်မရှိဘူး…မုန့်လက်ဆောင်းမရှိဘူး.
မုန့်ဟင်းခါးတော့ရှိသည်…..ပိတောက်မရှိဘူး….ရေပက်တဲ့သူတွေမရှိသလို ..ရေပက်ခံထွက်
သူတွေမရှိ..ကျောင်းတော့ရှိသည်….သင်္ကြန်က တစ်ရက်ပဲ အသက်ဝင်သည်…ပျော်ပွဲရွှင်ပွဲပေါ့..
အားကစားပွဲတွေလုပ်သည်…ဂိမ်းပြိုင်တွေ….Counter – Strike ၊ Red – Alert ၊ ခြင်းလုံး နဲ့
အဆိုပြိုင်ပွဲတွေရှိသည်…ဘာမှမရှိတော့ ရှိတာလေးကို ၀င်နွဲလိုက်သည်…Counter – Strike နဲ့
သီချင်းဝင်ဆိုသည်…..ဆုတော့တစ်ခုမှ မရ..ယှဉ်ပြိုင်ခြင်းသာ အဓိကပေါ့..( မနိုင်လို့ :P )..
ဒီလိုနဲ့ ရေမထိတဲ့ သင်္ကြန်ကြီးကို နောက် တစ်နှစ်ထက်ဖြတ်ကျော်ရပေဦးမည်..

သင်္ကြန်ဆိုတာ ကျွန်တော့် အတွက်တော့ လွမ်းတေးတစ်ပုဒ်ပါဗျာ…….လွမ်းတေးမဆုံးသော သင်္ကြန်တွေကျွန်တော်ကျော်ဖြတ်ရင်းနဲ့ အသက်ပြန်ဝင်လာမဲ့ သင်္ကြန်ကို မျှော်နေရပေဦးမယ်............... သင်္ကြန်ဆိုတာ လွမ်းတေး တစ်ပုဒ်ပါ....



ဖြိုးငယ်

4 comments:

Soe Mya Nandar Thet Lwin (Borros Roxo) on April 14, 2008 at 2:51 AM said...

Hey Sayar.,

လောင်း လောင်း လောင်းလိုက်ပါ ရွဲအောင်လောင်းလိုက်ပါ ပက်ပက် ပက်လိုက်ပါ.. အတာရေတွေ အေးပါတယ်ရှင်.. အတာရေတွေ ချမ်းပါတယ်ရှင်.. ဟော့တော်., ရေတွေ ရွဲကုန်ပြီ.. နှစ်သစ် မှာ ပျော်ရွှင် ပါစေ...,

Let Dance together, Shall we??

Soe Mya Nandar Thet Lwin

ein on April 14, 2008 at 5:10 AM said...

ိ၂၀၀၁ သင်္ကြန်မှာပျော်ခဲ့ရတဲ့ အပျော်လေးပေါ့နော် မုန့်တွေလုပ်စားကြတယ်ဆိုတော့ကာ...း)
ကြည်နူးခဲ့ရတဲ့ ၂၀၀၆ သင်္ကြန်...း)
အသက်ဝင်ခဲ့ရတဲ့တစ်ရက်မှာ အပြတ်အသတ်ကို ၀င်နွဲထားပါလားကွ နာ့တယ်ရင်းကတော့လေ...း)
ဟုတ်ပကွာ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကပေါ့ ...း)

မီးငယ် on April 14, 2008 at 5:43 PM said...

ဟဟ တနားလိုက်တာကွယ်....
ညီမလေးတို့ က သင်္ကြန်ရှိပါတယ်....
မုန့်လက်ဆောင်းလည်းရှိပါတယ်... ဒန်..ဒန်..ဒန်..
AIT မှာ သင်္ကြန်က ၃ ရက်တောင်မှပါနော်...

MelodyMon on April 14, 2008 at 9:28 PM said...

သံစဉ်လည်းသင်္ကြန်မပျော်ရတာ ၇ နှစ်တောင်ရှိသွားပြီ။ အရမ်းလွမ်းတာပဲ။ ဒီနှစ်တော့ online သင်္ကြန်လေးနဲ့ပဲစိတ်ဖြေနေရတယ်။ ရန်ကုန်သင်္ကြန်ကိုဆင်နွှဲခွင့်ရမယ့်နေ့လေးကိုပဲမျှော်နေရတယ်။အသက်တွေသိပ်မကြီးသွားခင်လေးပြန်ကဲချင်သေးတယ်။ :P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template