Tuesday, September 2, 2008

ဆုံဆည်းမှု


ခဏတာလေး အတွင်းမှာ ဆုံဆည်းရခြင်းဟာ
ငါ့ဘ၀တစ်ခုလုံးစာ အတွက်
ခါးသီးခြင်းတွေ ဖြစ်နေရပါပြီ ချစ်သူရယ် ......

သံယောဇဉ်ဆိုတဲ့ တွယ်တာမှုတွေက
ငါတို့နှစ်ယောက်ကို
နီးစပ်ခွင့်ပေးခဲ့တာလား ...
ခွဲခွာခြင်းပေးခဲ့တာလား ....

ငါလေ ....
အခု ဆုတောင်းနေမိတယ် ....
မင်းနဲ့များ နောင်ဘ၀မှာ
ဆုံဆည်းမှုလေး ထပ်ရခဲ့ရင်
မင်းချစ်တဲ့ ချစ်သူဖြစ်ပါစေလို့ပေါ့ ချစ်သူရယ် .....


ကိုလူဆိုးလေး


မှတ်ချက် ။ ။ ဒီကဗျာ ... အဲ .. ကဗျာဆန်ဆန်လေးကတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရဲ့
ခံစားမှု စစ်စစ်လေးပေါ့ဗျာ .... ကျွန်တော့် သူငယ်ချင်းရဲ့ ခံစာချက်လေးကို အားလုံး
နားလည်ခံစားပေးကြပါဦး .... ကဗျာ မဆန်ပေမဲ့ ရင်ထဲက လာတဲ့ ဟန်လေးကို
အားလုံး မျှဝေခံစားပေးကြပါဦးဗျာ .....

7 comments:

Unknown on September 2, 2008 at 10:23 PM said...

ခံစားချက်နဲ့တထပ်တည်းကြတဲ့
ကဗျာလေးမို့အရမ်းနှစ်ခြိုက်မိပါတယ်..

သက်ထွန်းညိမ်း on September 3, 2008 at 12:31 AM said...

အားပေးတယ်ဟေ့...ဒီလူကြီးကလည်း
လုပ်တယ်ဟ....း)

ချစ်သံစဉ် on September 3, 2008 at 2:36 AM said...
This comment has been removed by the author.
လမ်းပြကြယ် on September 3, 2008 at 2:38 AM said...

ကဗျာလေးက ရိုးရှင်းလေးနဲ့ ထိတယ်ဗျာ..အားပေးနေပါတယ် ကိုလူဆိုး...

ကြယ်စင်နတ်သမီး on September 3, 2008 at 8:33 AM said...

မောင်လေးရေ ကဗျာလေးကို ဖတ်ပီးခံစားသွားရတယ်... အစ်မမောင်လေး ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်နော်... နောင်ဘဝမှာတင်မဟုတ်ဘူး ဒီဘဝမှာလဲ ချစ်တဲ့သူနဲ့ ဆုံဆည်းခွင့်ရပါစေ...း)

ဝေလေး on September 3, 2008 at 8:48 AM said...

အဲ.. သိသလိုလိုပဲ ကိုလူဆိုးကိုပြောပါတယ်..
အစ်ကိုရေ.. ကောင်းတယ်ဗျ..
ဆုတောင်းပြည့်စေဗျာ :D

စန္ဒီမိုးမြင့် on September 3, 2008 at 3:44 PM said...

ဆုံဆည်းမှုဆိုတဲ့ အတိုင်း
ကိုယ်ချစ်သူချစ် နှစ်ဦးလုံးချစ်တဲ့သူတိုင်း ပေါင်းစည်းကြပါစေလို့
ဆုတောင်းပေးပါတယ်
ဘယ်လိုသောအကြောင်းမျိုးနဲ့မှ မကွဲကြပါစေလို့

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template