Thursday, September 11, 2008

ရင်ခွင်အပေါက် နဲ့ ကောက်မိတဲ့အချစ်



သစ္စာတွေဖောက်
ချစ်တာတွေပျောက်သွားတဲ့နေ့က
ပေါက်သွားတဲ့ ရင်ကွဲဗုံး
နျူကလီးယား တစ်လုံးထက် ပြင်းတယ် ..


အမုန်းသီချင်းတွေ ထွေးပိုက်
ခန္ဓာကို မီးမြိုက်ခံရတဲ့ မြို့တော်မှာ
ငါက ကဗျာတွေကို ကြိုတယ်
ဘာလိုလို ညာလိုလိုနဲ့
နှလုံးသား ငို ခဲ့တာ တော်တော်ကြာပြီပဲ .....


ရေရှုချိန် မသိ
ပုဝါကူချိန် မရှိ
ချက်ကောင်းကိုတည့်တည့် ထိလို့
ဒိုင်မရှိတဲ့ အဲဒီပွဲမှာ
ငါ့ အသဲလည်း ကွဲခဲ့တယ် ...


မာနတွေလောင်းကြေးထပ်
နှလုံးသားတွေပဲ အရှုံးထွက်တယ်
ပန်းသီးတွေ ကြွေပျက်မှတော့
အဲဒီ ဧဒင်မှာ ငါတို့ မနေချင်တော့ဘူးလေ ....


ကျွန်တော် ငြင်းဆန်ခဲ့တဲ့ နယူတန်ကို
လူတွေက လက်ခံနေတုန်းပဲ
သေဆုံးခဲ့တဲ့ ရင်ခုန်သံ မတန်မရာ အတွက်
reaction တွေ ပြန်ရှာကြည့်သေးတယ် ...
ဒါပေမဲ့
ဒဏ်ရာတွေ အဖတ်တင်လို့
ကဗျာတွေသာ အသက်ဝင်ခဲ့တယ် ....


နောက်ဆုံးတော့လည်း
အဆိပ်မဲ့ နှင်းဆီတစ်ပွင့်ရဲ့ မာန
တိတ်တဆိတ် ရွာချခဲ့တဲ့ အတ္တတွေ
အတိတ်မဲ့ရာသီရဲ့ မီးတောက်မှာ
ငါက ရင်ခွင်အပေါက်နဲ့ မေတ္တာကောက်သူသာ ဖြစ်ခဲ့တယ်လေ .....



ဖြိုးငယ်

16 comments:

ကြယ်စင်နတ်သမီး on September 11, 2008 at 2:50 PM said...

ခံစားချက်တွေ ပြင်းထန်နေပါလား...
ကဗျာလေးက ကောင်းတယ်မောင်လေးရေ...
ရင်ကိုထိတယ်...း)

စန္ဒီမိုးမြင့် on September 11, 2008 at 5:38 PM said...

အစ်ကို နူးကလီးယားက ညီမ ကိုပါလာစင်နေပြီ
အစ်ကိုလို ကဗျာတွေရေးပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲပစ်လိုက်ချင်လိုက်တာ အစ်ကိုရယ်

Apprenticeship on September 11, 2008 at 7:18 PM said...

အဆင်ပြေ ပါစေ.......

ဝေလေး on September 11, 2008 at 7:39 PM said...

;(
အဲလိုဖြစ်သွားတယ်.. ဘာမှပြောတော့ဘူးနော်..

mgngal on September 11, 2008 at 7:48 PM said...

လန်ထုတ်နေပါလား။ကောင်းချက်တော့လွန်ရောပဲဗျာ။

လမ်းပြကြယ် on September 11, 2008 at 7:57 PM said...

ရင်ခွင်အပေါက်နဲ့ ကောက်မိတဲ့အချစ်တဲ့လား ...
ကဗျာလေးကို ခံစားသွားတယ် ဖြိုးငယ်...
သေဆုံးခဲ့တဲ့ ရင်ခုန်သံမတန်မရာ...
အဲအသုံးလေး မိတယ်ဗျာ...

thettunnyein on September 12, 2008 at 1:24 AM said...

ဟေ့လူကြီး
ရင်ခွင်အပေါက်နဲ့ကောက်နဲ့ဗျ ကျနော့်ရင်ခွင်ငှားပါလား
အဟီးးးး

မြန်မာ့အောင်သံ on September 12, 2008 at 3:00 AM said...

ရင်ခွင်အပေါက်တဲ့ ကဗျာလေးကို ဘယ်လိုခံစားရမှန်းမသိတော့ဘူးဗျာ

Anonymous said...

ခံစားချက်တွေ ပြင်းထန်နေပါလား အစ်ကို วว

GreenGirl on September 12, 2008 at 5:17 AM said...

ရေရှုချိန် မသိ
ပုဝါကူချိန် မရှိ
ချက်ကောင်းကိုတည့်တည့် ထိလို့
ဒိုင်မရှိတဲ့ အဲဒီပွဲမှာ
ငါ့ အသဲလည်း ကွဲခဲ့တယ် ...

တကယ်ပဲ အသည်းကွဲခဲ့ပေမယ့် အစိမ်းရောင် မိန်းကလေး...အသည်းကွဲတော့လည်း ခပ်စိမ်းစိမ်းပါပဲ မောင်လေးရေ... အစ်မလည်း ရင်ခွင်အပေါက်နဲ့ အချစ်ကောက်ခဲ့မိတယ် ထင်ပါရဲ့း(

ရိုးမြင့်အောင် on September 12, 2008 at 1:11 PM said...

ပလိုင်းပေါက်နဲ့ ဖားကောက်တာပဲ ကြားဘူးပါတယ်
ခင်ဗျားကြမှ ရင်ခွင်ပေါက်နဲ့ အချစ်ကောက်ရတယ်လို့
နည်းတောင်နည်းသေး ခံပေါ့
အဟတ်ဟတ်

thinzar on September 12, 2008 at 8:34 PM said...

အရမ်းကြိုက်တယ်

ကိုရင်နော်ခင်လေးငယ် on September 14, 2008 at 8:25 AM said...

အိပ်ပေါက်နဲ့ ဖားကောက်သူလို
ရင်ခွင်အပေါက်နဲ့ မေတ္တာကောက်ခဲ့မိလို့
ဘယ်အရာကို ပုံချရမှာလဲ...
ကံတရားရယ် မင်းရက်စက်...။

မိုးမြင့်တိမ် on September 20, 2008 at 9:07 AM said...

ဟ ကောင်းလှချည်လား အရေးအသားကတော့ လန်ထွက်နေတာဘဲ ကျွန်တော်တော့ ကိုဖြိုးငယ်ဆီက ကဗျာရေးနည်း ပြန်သင်ရမယ် ကဗျာကတော့ အလန်းဘဲ
ရင်ကိုထိချက်ပြင်းလွန်းတယ်

အညာသား on September 20, 2008 at 11:33 AM said...

အရမ်းမြောက်တယ်ဗျ။
အခုမှဖတ်ဖြစ်လို့ အခုမှ ကွန့်မန့်ဖြစ်တယ်
ဆြာဖြိုး ရေ....

မီးတောက် on October 11, 2008 at 3:50 AM said...

ကိုဖြိုးရေ.....
ကဗျာထဲမှာမီးတောက်ရဲ့ရင်ခွင်မှာအပေါက်တော့မရှိပါဘူး
ကဗျာလေးကတော်တော်လေးထိတယ်.....

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template