Friday, September 19, 2008

ကျောက်စာတိုင်များ ....




မြောက်အမေရိက တိုက်ရဲ့
ဆောင်းခိုငှက်ထံ
ရေမြေခြားက လွမ်းလှကြောင်း
စာတစ်ကြောင်းတော့ ပါးချင်တယ် ....

ဆုံနိုင်ခွင့်ရဲ့ ... နေ့ရက်
ဘယ်ဆီရယ် တသသနဲ့
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်ဆီမှာ
“ ......... ” သိနိုင်မယ်ဆို
ဒီနေ့ရဲ့ တမ်းတခြင်းကလည်း
မိုင်ထောင်ချီအဝေးကို
ပို့ဆက်ချင်တယ် ။

အာရှတိုက်ရဲ့ မြေတစ်နေရာမှာ
ကျောက်စာတိုင်များလည်း
နှလုံးသွေးနဲ့ထုဆစ်
ဝေးကွာခြင်းရဲ့ သက္ကရာဇ် အလိုက်
ဝေဒနာက စူးနင့် ။
သိနိုင်စေကြောင်း
“ နိုင်ဂရာ ” ရေတံခွန်အောက်က
အလွမ်းရှင်ထံသို့ ။ ။




P.S >>> ကျွန်တော်ရေးထားတဲ့ ကဗျာလေး မဟုတ်ပါဘူးခင်ဗျား .... သူများက ပို့ပေးတဲ့ ကဗျာလေးကို
ခွင့်ယူချက်မယူပဲ တင်လိုက်တာပါ ။ ။ ခွင့်ပြုချက် ယူ စရာ မလိုတဲ့ သူမို့ပါ .. ကဗျာလေးကို ကြိုက်လို့
မျှဝေ လိုက်တာပါ .... ခံစားကြည့်ကြပါဦး ....

5 comments:

thihanyein on September 19, 2008 at 3:53 PM said...

နိုင်ဂရာ အောက်က အလွမ်းရှင်တဲ့လားဗျို့
စာသားလေး မိုက်တယ်

GreenGirl on September 19, 2008 at 9:55 PM said...

လန်းတယ်ကွာ တကယ်ပဲ...သူ ဆို သူပဲတဲ့ :P

မသက်ဇင် on September 20, 2008 at 2:18 PM said...

ဝေးကွာခြင်းရဲ့ သက္ကရာဇ် အလိုက်
ဝေဒနာက စူးနင့် ။
သိနိုင်စေကြောင်း
“ နိုင်ဂရာ ” ရေတံခွန်အောက်က
အလွမ်းရှင်ထံသို့ ။ ။

ဒီစာပုဒ် လေးကို ဖတ်လိုက်ရတော့ နိုင်ဂရာကို
စိတ်နာမိတာတွေပေါ်လာတယ်----နိုင်ဂရာ ကို မနှစ်က သူငယ်ချင်းတွေနဲ့ သွားလည်ကြတယ်လေ----ကနေဒါဘက်လည်းရောက်ရော -----ကနေဒါ ( လဝက ) က ကနေဒါ ထဲပေးမဝင်ဘူးလေ---
ကနေဒါ ဘက်ကနေကြည့်ရင် နိုင်ဂရာ ရေတံခွန် က သိပ်လှတာ----မင်းတို့အားလုံး ဂရင်းကဒ် သက်တမ်းနဲနေပြီတဲ့----အားလုံးလှည့်ပြန်ခဲ့ရတယ်--- ဒါကြောင့် ဖြိုးငယ်ရေ----
နိုင်ဂရာ တွေ့တိုင်းမျက်ရည်ဝိုင်းရတာပေါ့---။
ခင်မင်တဲ့
မသက်ဇင်

Apprenticeship on September 20, 2008 at 6:28 PM said...

အယ် သူဆိုတာဘယ်သူကြီးလဲ :D ကဗျာလေးကကောင်းလို့ပါ :P

Unknown on September 20, 2008 at 10:28 PM said...

ဆုံနိုင်ခွင့်ရဲ့ ... နေ့ရက်
ဘယ်ဆီရယ် တသသနဲ့
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်ဆီမှာ
“ ......... ” သိနိုင်မယ်ဆို
ဒီနေ့ရဲ့ တမ်းတခြင်းကလည်း
မိုင်ထောင်ချီအဝေးကို
ပို့ဆက်ချင်တယ်



...သူလည်းဒီကဗျာလေးထဲကစာသားလေး
ဖတ်မိရင်.. ခံစားနားလည်ပေးနိင်မယ်လို့မျှော်လင့်
ပါတယ်.. သူရယ်...

သူဆိုတာဘယ်သူလဲမမေးနဲ့နော်..
MIET ကတစ်စုံတစ်ယောက်ပေါ့..

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template