တစ်ရက်တစ်ရက်နဲ့
နာရီမှန် လှည့်ပတ်
စက်တင်ဘာရဲ့ ၁၉ ရက်
အမေ့ဝမ်းက ထွက်ခဲ့တာ
၂၈ ခါတိုင်ခဲ့ပြီပေါ့ ....
ဘ၀လမ်းကို မှန်မှန်လှမ်း
လေကြမ်းတွေကို ဖြတ်ကျော်
အဲဒီနေ့ရက်တွေမှာ ပျော်
အဖော် မရှာသေးတဲ့ အမ
နောက်မွေးနေ့တွေမှာ
ကြင်သူရှာတွေ့ပါစေ ...
စက်တင်ဘာ ၁၉
တစ်နှစ်တစ်ခါ တိုးလာတိုင်း
ဒုက္ခ တွေကို အနိုင်ပိုင်း
ပျော်ရွှင်မှုတွေ ၀ိုင်းပါစေ ...
အနှိုင်းမဲ့ ကျေးဇူးရှင်
မိဘတွေရင်ခွင်မှာ ပျော်
အမ မျှော်တဲ့ ဘဝ
ထာဝရပါစေ....
မိုးမြင့်ထက် ကောင်းကင်
စိုးမိုးမှု အရှင်သခင်
ကြယ်စင်ရဲ့ နတ်သမီး
လောကကြီး ရှင်သန်
မနက်ဖြန်တွေ ဆက်နေသမျှ
အပြုံးပန်း လှလှနဲ့
အောင်မြင်မှုတွေ ထာဝရ ရနိုင်ပါစေဗျာ ....
ဖြိုးငယ်
P.S >>> စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ကျွန်တော်တို့ရဲ့ ( အပျိုကြီး မမ ..အဲ .. ) အမ ကြယ်စင်နတ်သမီးရဲ့ မွေးနေ့ အတွက်အမှတ်တရ လက်ဆောင်ပါ .... အမ ထာဝရ ပျော်ရွှင်ပါစေဗျာ ...

3 comments:
မောင်လေးရေ ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင်... အမ မွေးနေ့ကို အမှတ်တရ လုပ်ပေးတဲ့ အစ်မမောင်လေးလဲ ချစ်တဲ့သူနဲ့ အမြန်ဆုံး ပြန်လည်တွေ့ဆုံနိုင်ပါစေ...း)
မမကြီးကြယ်စင်နတ်သမီး တစ်ယောက်
ကိုကိုကြီးကြယ်စင်နတ်သားနဲ့ အသက်၃၀ မကျော်ခင်မြန်မြန် မင်္ဂလာဆောင်ရပါစေလို့
မွေးနေ့လက်ဆောင်အဖြစ် ဆုတောင်းပေးလိုက်ပါကြောင်း
ချစ်တဲ့
စန္ဒီ
မမကြယ်ကြီး အပျိုကြီးဘ၀က အမြန်လွတ်ပါစေဗျို့ :)
Post a Comment