Friday, October 3, 2008

ဂျစ်ပစီတစ်ယောက်အတွက် ငြိမ်းချိမ်းရေးသံစဉ် ...



အဲဒီနေ့က ကောင်းကင်မှာ
အသူရာနဲ့ သိကြားမင်း စစ်ခင်းနေတုန်း
နတ်သမီးကကြိုး တိတ်တိတ်လေးခိုးထားတဲ့ ကောင်မလေးက
ညင်းသွဲ့ပျော့ပျောင်း ဗျတ်စောင်းလေးခတ်တယ်
ငါ့ရင်မှာ တလှပ်လှပ်နဲ့ .....


အရှေ့ဘက်ရာသီရဲ့ လေကြမ်းတွေမွေနှောက်သလို
ငါ့ရင်ခွင်တစ်ခုလုံး တောမှောက်တယ်
ဘာကြောင့်များ ဂျစ်ပစီတစ်ကောင်ရဲ့ ရင်ခုန်သံကို
အဲဒီအချိန်က ဂရင်းနစ်စံချိန်တင်ရန် မေ့ခဲ့တာလဲ ...


လေလံတင်လို့မရတဲ့ နှလုံးသားက
နေချင်း ညချင်း ဈေးကွက်ဝင်တယ်
ငါလည်း မှော်ဝင်ပန်းသီးနဲ့ ရင်အဆိုင်
တက္ကသိုလ်ဘုန်းနိုင်ပြောတဲ့ အဆိုးဆုံးအရူးစာရင်းဝင်ခဲ့တယ် .....


အဲဒီနဂါးမလေးက မျက်စောင်းတစ်ချက်နဲ့
ကဗျာလမ်းက တံခါးနှစ်ဘက်ကို လှပ်တယ်
မိုးမခ အပြုံး အင်္သချေကြားမှာ
ဧဒင်မရောက်ပဲ ငါ့ရင်မှာ ကဗျာတွေပေါက်တယ် ...


တကယ်တော့ ငါဟာ
နဂါးငွေ့တန်းကို လက်နဲ့ဖမ်းချင်ပေမဲ့
မိုးကုတ်စက်ဝိုင်းကို မြင်နေရရုံနဲ့ကျေနပ်နေတဲ့ကောင်ပါ ...
နေတစ်လှည့် လတစ်လှည့် ကမ္ဘာမှာ
ဂြိုလ်ကြီးကိုးလုံးလောက်တော့ အိပ်မက်ခွင့် ရှိပါရစေ ...


ရင်ဘတ်ချင်းထပ်ဖို့ သိပ်ခက်နေမယ်ဆိုရင်တောင်
နယူတန်ကို ထောက်ခံပေးလိုက်ပါလား ကောင်မလေးရေ ..
သိကြားနဲ့အသူရာကို ပြေလည်အောင် မစွမ်းနိုင်ရင်တောင်မှ
သခွတ်ပန်းတွေပွင့်ရင် ငါ့ရင်ကို ငြိမ်းချမ်းမဲ့ သံစဉ်တစ်ပုဒ်တော့ပေးပါ ကောင်မလေးရယ် ...



ဖြိုးငယ်

17 comments:

mgngal on October 3, 2008 at 12:52 PM said...

ပျောက်နေပါတယ် အောက်မေ့တယ်။ ဒီကဗျာကို ခံစားနေတာကိုးဗျ။ကောင်းလွန်းတယ် အပိုဒ်တိုင်းကို။
လန်ထွက်နေတာပဲဗျို့ ။
အရူးစားရင်းတော့ မ၀င်ပါနဲ့ ဦး အစ်ကိုရ ။:P

မသက်ဇင် on October 3, 2008 at 1:08 PM said...

ရင်ဘတ်ချင်းထပ်ဖို့ သိပ်ခက်နေမယ်ဆိုရင်တောင်
နယူတန်ကို ထောက်ခံပေးလိုက်ပါလား ကောင်မလေးရေ ..
သိကြားနဲ့အသူရာကို ပြေလည်အောင် မစွမ်းနိုင်ရင်တောင်မှ
သခွတ်ပန်းတွေပွင့်ရင် ငါ့ရင်ကို ငြိမ်းချမ်းမဲ့ သံစဉ်တစ်ပုဒ်တော့ပေးပါ ကောင်မလေးရယ် ..

ဖြိုးငယ်ရေ---ပျောက်နေတယ်အောက်မေ့တာ--
ဒီကဗျာလေးဖတ်မိမှ သဘောပေါက်တော့တယ်---
လွမ်းနေတာကိုး---လွမ်းပါ--
ခင်မင်လျက်
မသက်ဇင်

Unknown on October 3, 2008 at 1:39 PM said...

ဘာကြောင့်များ ဂျစ်ပစီတစ်ကောင်ရဲ့ ရင်ခုန်သံကို
အဲဒီအချိန်က ဂရင်းနစ်စံချိန်တင်ရန် မေ့ခဲ့တာလဲ ...

အဲ့ဒီ့အကြောင်းလေးကို အကြိုက်ဆုံးပဲကွာ..။ ငါတို့ကိုက ဘ၀ပေးအရ အမေ့ခံဖြစ်နေတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့။

thihanyein on October 3, 2008 at 3:43 PM said...

တစ်ခါထွက်လာတိုင်း ကဗျာတွေက အရင်ထက်
ပိုပိုကောင်းလာတယ် ဆရာရေ့ ရေးသမျှကြိုက်တယ်ဗျာ
ရင်ဘတ်ကြီးနဲ့ရေးလိုနဲ့တူတယ်ဗျ အဟ

Apprenticeship on October 3, 2008 at 6:55 PM said...

ကဗျာ အဓိပ္ပါယ်လေးက အရမ်းကောင်းတယ်....

Unknown on October 3, 2008 at 11:48 PM said...

ကောင်းလိုက်တဲ့ကဗျာပဲ
မောင်လေးကဗျာဆရာရေ..
အရမ်းကိုကြိုက်သွားပြီ

ရင်ဘတ်ချင်းထပ်ဖို့ သိပ်ခက်နေမယ်ဆိုရင်တောင်
နယူတန်ကို ထောက်ခံပေးလိုက်ပါလား ကောင်မလေးရေ ..
သိကြားနဲ့အသူရာကို ပြေလည်အောင် မစွမ်းနိုင်ရင်တောင်မှ
သခွတ်ပန်းတွေပွင့်ရင် ငါ့ရင်ကို ငြိမ်းချမ်းမဲ့ သံစဉ်တစ်ပုဒ်တော့ပေးပါ ကောင်မလေးရယ်

အဲ့ဒီအပိုက်ကိုအကြိုက်ဆုံးပဲ
အမြဲအားပေးနေတယ်နော်..
မောင်လေးကဗျာတွေဖတ်ပြီး
အမတောင်ကဗျာတွေမရေးရဲ
တော့ဘူး...

မီးငယ် on October 4, 2008 at 5:32 AM said...

ကဗျာတွေကတော့လန်ထွက်နေတာပဲ.........မိုက်တယ်ကွာနာ့အစ်ကိုက မလိမ္မာဘူး...

Anonymous said...

တကယ်ကို ကောင်းတယ်ကဗျာတစ်ပုဒ်ပါ။
ဖတ်ဖတ်ချင်း ဆရာတာရာမင်းဝေရဲ့ လက်ရာ ကဗျာတစ်ပုဒ်ကို ပြန်ဝေမျှထားတာထင်နေမိတယ်။
နောက်မှ ဖြိုးငယ်ရဲ့ကိုယ်တိုင်ရေးလက်ရာမှန်းသိရာတာ။
တာရာကြယ်ပွင့် ကြွေလွင့်သွားတဲ့ မြန်မာစာပေကောင်းကင်အတွက် ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ကို ငွားငွားစွင့်စွင့်တွေ့ရတာပါပဲ။

pandora on October 4, 2008 at 6:47 PM said...

ကဗျာလေးက တကယ် ချစ်စရာကောင်းပါတယ်
ကောင်မလေးတော့ ကြွေသွားမယ် ထင်တယ်

GreenGirl on October 4, 2008 at 11:39 PM said...

ပါးစပ်အဟောင်းသားလေးနဲ့ ခံစားသွားပါတယ်နော်။

ပန်းခရမ်းပြာ on October 5, 2008 at 7:36 AM said...

ဂျစ်ပစီတစ်ကောင်ရဲ့ ရင်ခုန်သံကို ဂရင်းနစ်စံချိန်တင် နှိုင်ပါစေ။

အိုင်လွယ်ပန် on October 5, 2008 at 12:42 PM said...

ကောင်းတယ်ဗျာ....
နောက်အားရင်အားသလိုလာမွှေမယ်အစ်ကိုရေ...

ကောင်းသောနေ့ပါဗျာ.....

Anonymous said...

တကယ်ကို မိုက်တယ်ဗျာ... ဘယ်ကနေ ဘယ်လိုချီးကျူးရမလဲ...း) စကားလုံးတွေက လန်ထွက်နေတာပဲ...
“ဗျတ်စောင်းလေးခတ်တယ်.... ဂရင်းနစ်စံချိန်တင်ရန် မေ့ခဲ့တာလဲ... အဲဒီနဂါးမလေးက မျက်စောင်းတစ်ချက်နဲ့...
ဂြိုလ်ကြီးကိုးလုံးလေရင်ထဲထိရောက်တယ်... ”တယ်လည်း မြောက်တဲ့ စကားလုံးတွေပဲဗျာ... ကြိုက်တယ်...

ခေါင်ခေါင် on October 6, 2008 at 7:47 AM said...

ရေးတတ်လိုက်တာနော်....

ဘာပြောရမှန်းမသိအောင် ကောင်းလွန်းပါတယ်..

ရင်ကွဲငှက် on October 6, 2008 at 8:43 AM said...

ကိုဖြိုးငယ်ရေ မိုက်တယ်ဗျာ ကိုယ့်ကိုတောင်ကဗျာရေးရ မှာလက်တွန့်လာတယ် တကယ် နောက်နောင်လဲရင်နဲ့ရင် တဲ့ကဗျာတွေကိုအားပေးနေမယ်ဗျာ

Anonymous said...

အစ်ကိုရေ့ ကဗျာ ခေါင်းစဉ်က မလှပစွာနဲ့  ကဗျာဆန်နေပြီး စကားလုံးတိုင်း လှနေတယ် ကဗျာဆို သိပ်မဝေဖန်တက်လို့  ရေးတက်သူတိုင်းကို အားကျနေတာဗျ ...။

မောင်ပိစိ on October 6, 2008 at 1:41 PM said...

ဟဲဟဲ.. သံစဉ်တပုဒ်ပေးဖို့ဆိုတာ ရန်ကုန်ကဆိုမလွယ်ဘူးနော် attachလုပ်ရမှာကြာလိမ့်မယ် send6နဲ့မှ အဆင်ပြေမှာ.. ကဗျာအရေးအသား အလွန်ပြေပြစ်ပါတယ်ဗျာ ဆရာကြီးမှတ်ချက်ပေးတာမဟုတ်ဘူးနော် တကယ်ကြွယ်လွန်းလို့ စာသားတွေက လေးစားပါတယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template