Tuesday, October 21, 2008

ဒီနေ့ နောက်ဆုံး



စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားမှာ
နှလုံးသား က ဖျားတယ် ....
ဟန်ဆောင်ခြင်းနဲ့ ကျွန်တော့်ကြားမှာ
အချစ်က မှားတယ် ....

ထွက်သက်နဲ့ ၀င်သက် ကြားမှာ
ဖြစ် ပျက် တွေ များတယ် ...
မနေ့ကနဲ့ မနက်ဖြန် ကြားမှာ
ဒီနေ့က နောက်ဆုံး .....


ဖြိုးငယ်

13 comments:

ခေါင်ခေါင် on October 21, 2008 at 4:22 PM said...

စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားမှာ
နှလုံးသား က ဖျားတယ် ....
ဟန်ဆောင်ခြင်းနဲ့ ကျွန်တော့်ကြားမှာ
အချစ်က မှားတယ် ....

ထွက်သက်နဲ့ ၀င်သက် ကြားမှာ
ဖြစ် ပျက် တွေ များတယ် ...
မနေ့ကနဲ့ မနက်ဖြန် ကြားမှာ
ဒီနေ့က နောက်ဆုံး .....

ကိုဖြိုးငယ် ... ဘာလို့နောက်ဆုံးလဲ..

ဆောင်းယွန်းလ on October 21, 2008 at 7:02 PM said...

မနေ့ကနဲ့မနက်ဖြန်ကြားမှာဒီကနေ့ကနောက်ဆုံး...
ဟ..တယ်ကောင်းတဲ့အသုံးအနှုံးဘဲ...

အိုင်လွယ်ပန် on October 22, 2008 at 3:00 AM said...

ဒီနေ့ကနောက်ဆုံး...
ကောင်းတယ်ကိုဖြိုးငယ်ရေ......

mgngal on October 22, 2008 at 5:22 AM said...

ဟုတ်သားပဲ မနေ့ ကနဲ့  မနက်ဖြန်ကြားမှာ ဒီနေ့ ကနောက်
ဆုံး ။ နောက်နေ့ ရောက်ရင် ဒီနေ့ ကျ မနေ့ ကဖြစ်သွားမှာ
ကိုးး ။ :D

thihanyein on October 22, 2008 at 9:15 AM said...

ကျေးဇူးပဲ အခုမှစိတ်ပျိုရုပ်နုသွားတယ် ဒါပေမယ့် ဗျပ်စောင်းတီးတဲ့နတ်သမီးကကြိုးလောက်တော့ မဖြစ်သေးဘူး ကဗျာဆရာ နောက်တစ်ပုဒ်လုပ်ဦး
ကျုပ်ရုပ်ရင့်စိတ်တွေရင့်နေလို့ အဟီး

စန္ဒီမိုးမြင့် on October 22, 2008 at 12:40 PM said...

ဒီနေ့နဲ့မနက်ဖြန်ကြားမှာ နောက်ဆုံး
နဲနဲမျက်စိလည်သွားတယ် သူများတွေကွန့်မန့်ဖတ်ကြည့်မှရှင်းသွားတယ်
:P

ညိမ်းညို on October 22, 2008 at 2:35 PM said...

ကဖြိုးငယ်ရေ
အချစ်ကဗျာလှလှလေးတွေဖတ်ရတာ ကျေးဇူးဗျ
ဘိုစိုင်းပြောသလို စိတ်ပျိုကိုယ်နုသွားသပေါ့ :) :)
အဲ... အသဲကွဲကဗျာတွေတော့ ရုတ်နဲ့ဗျာ မခံစားနိုင်ဘူးဗျ
အဟိ :P

အဆင်ပြေပါစေ ကဗျာဆရာရေ ...

အညာသား on October 24, 2008 at 1:10 PM said...

မနေ့ကနဲ့ မနက်ဖြန်ရဲ့ကြားမှာ ဒီနေ့ကနောက်ဆုံး။
ဒီနေ့နဲ့ အရင်တစ်ရက်ကျော်ရဲ့ကြားမှာဆိုရင် မနေ့က နောက်ဆုံး။
ဒီနေ့နဲ့ နောက်တစ်ရက်ကျော်ရဲ့ကြားမှာဆိုရင် မနက်ဖြန်က နောက်ဆုံးပေါ့...။
(မှန်ပါတယ်နော်) :)

မသက်ဇင် on October 26, 2008 at 5:21 PM said...

စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားမှာ
နှလုံးသား က ဖျားတယ် ....

ဖြိုးငယ်ရေ----
မှန်တာပေါ့လေ-----
စွန့်လွှတ်--ပေးဆပ်ရ မှတော့---
နှလုံးသားက ဖျားတော့တာပေါ့--
ကြေမွ မသွားတာပဲ တော်လှပေါ့နော်---
ခင်မင်လျက်
မသက်ဇင်

တင့်ထူးရွှေ on October 27, 2008 at 1:48 AM said...

အညာသားနဲ့တွေ့မှပဲ နားလည်တော့တယ် ကဗျာဆရာ :)

Anonymous said...

ဒီနေ့နောက်ဆုံးလား... ဒါဆို မနက်ဖြန်မှ လာတော့မယ်ဗျာ... အဟတ်ဟတ်

Anonymous said...

နောက်ဆုံးဒီနေ့ မှာ စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ခြင်း ကြားက နှလုံးသားက ဖျားနေပေမယ့် လှနေတယ် အစ်ကို တစ်နေ့ တော့ နေကောင်းလာမှာပေါ့ ...။

s on November 13, 2008 at 12:14 PM said...

ဒီကဗျာလေးက တိုတိုလေးနဲ့  အရမ်းမိုက်တယ်။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template