နိုဝင်ဘာရဲ့လေပြေတွေ တိုက်စားသွားလိုက်ပုံများ
ငါ့ရင်ခွင်မှာ အလွမ်းတွေပဲ ခြေရာကျန်ခဲ့တယ်
မတန်မရာ ကျတော့မဲ့ နှင်းတို့အတွက်
ခွန်အားမျှပါ ချစ်သူ .....
ပုရွက်ဆိတ် တစ်ကောင်လို
ကြိုတင်စု စရာမလိုပဲ
နှင်းတွေလို တစ်ဖွဲဖွဲ
အလွမ်းတွေ ငါ့ရင်မှာ သည်းနေတယ် ....
ကမ္ဘာကြီးတစ်ကယ်လုံးရဲ့လား မသိပေမဲ့
နဂါးငွေ့တန်းအထိ ငါ့အလွမ်းတွေ ရှိတယ်
သိုးကျောင်းသား တစ်ယောက်လို ဘာမှမသိပေမဲ့
အလွမ်းတွေ တော့ ရှိသင့်ပါရဲ့ .....
ပျက်မယ်ဆိုလည်း ပျက်လိုက်ပါတော့ ကမ္ဘာရယ်
မင်းလည်း နွေမိုးဆောင်း ပြောင်းရတာ ပင်ပန်းသလို
ငါလည်း အလွမ်းတွေ ထမ်းထားရတာ စိတ်နွမ်းတယ်
နောက်ကမ္ဘာမှာတော့ အလွမ်းတွေထဲ စဲ လောက်ပါရဲ့ ....
နှင်းမှုန်တွေဖြန်ကျက်
နှင်းချပ်တွေ ခင်ထားတဲ့ နှင်းကမ္ဘာထဲ
မင်းမပါပဲ တစ်ယောက်တည်းလျှောက်
ငါ့ဘ၀က ခြောက်လွန်းတယ် ချစ်သူ...
ငါ့ရင်ကို လန်းဆန်းအောင်
နှင်းတွေလည်း မစွမ်းနိုင်ဘူး
အလွမ်းတွေပဲ ထပ်ထပ်ပေး
နည်းနည်းလေးမှ မသနားကြဘူး ....
အပျင်းပြေမဟုတ်ပါဘူး
အလွမ်းကျေမလားလို့
နှင်းတွေကို သက်သေပြု
ရင်ခွင်မှာ ကဗျာတို့ ထုဆစ်မိတာပါ ...
နိုဝင်ဘာနဲ့ ဒီဆောင်း
ရင်ခွင်ဗလာမှာ အက်ကြောင်း
ဒီနှင်းထုနဲ့ ဒီအလွမ်း
သြော် ....
ဘယ်တော့များမှ တစ်ခန်းရပ်နိုင်ပါ့မလဲဗျာ ...ဖြိုးငယ်
တိတ်တခိုး အကြင်နာနဲ့
မေတ္တာတွေ နှစ်ကြာရှည်
ချစ်တာတွေ မင်းမသိခဲ့
ရင်ထဲမှ မင်းမကြည့်တာ
မမြင်လည်း သိနိုင်ရဲ့
သစ္စာခိုင် မေတ္တာလမ်းမှာ
အချစ်ပန်းတစ်ပွင့်မျှ
လက်ကမ်းလင့်ပါတော့ ချစ်သူရယ်
ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....
ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့သေးတာပဲ
ငါ့ရင်ဘတ်မှာလဲ ဖြတ်ထုတ်ရခက်
အတက် တစ်ခု ထွက်ခဲ့ပြီလေ
မင်းကြောင့်ပေါ့ မိန်းကလေးရယ် ...
အားမတန် မာန်လျှော့ ဆိုပေမဲ့
အသွားအပြန်တော့ ရှိသင့်ရဲ့
မနက်ဖြန်ဆိုတာ ဘာမှန်း မသိတဲ့ဘ၀မှာ
အသေအချာ ရှိတာက အလွမ်းစုတို့ ...
အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....
ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....
ဘာမှ မထားချင်ဘူး
ရပင့်နဲ့ ဝေးနေတဲ့ဘ၀မို့
ရရစ်ကို အဖော်ညှိ
ဓါးစာခံ အဖြူရောင် နတ်သမီးတို့ သိတယ် ....
တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....
တစ်ဖွာပြီး တစ်ဖွာရှိုက်မိတဲ့ မီးခိုးငွေ့တွေကြား
အလွမ်းတွေပါးသွားရင် ကောင်းမယ် ...
ငါ့စိတ်ကို ခုနှစ်ခု ကွဲသွားမလားလို့
သူ့ကို လက်တွဲကြည့်ပါတယ်
နောက်ဆုံးတော့ ပြာတွေပဲ ရှိတယ် .....
ငါ မသိခဲ့ဘူး
ကြယ်တွေမရှိတဲ့ ကောင်းကင်မှာ
သူမ မျက်နှာ မထင်မှန်း
ငါသိသိရက်နဲ့ ဘာကြောင့်လှမ်းကြည့်နေမိလဲ ....
လမင်းရေ ..
မင်းက လူကြမ်းပဲ
ငါလွမ်းမှန်း သိနေတာတောင်
မင်းက တစ်ခြမ်းပဲ ရှိတယ် ...
မင်းသိရဲ့လား
ငါ့ချစ်သူ ငါ့ကိုနမ်းဖို့
မင်းကို လှမ်းကြည့်ချိန်
မင်းဆီမှာ ငါမရှိရင်
အပြစ်ဒဏ်ထိလိမ့်မယ် ....
တကယ်ဆို
လွမ်းရစ်သမျှ ပြေအောင်
လပြည့်ည တွေပဲဖြစ်သင့်တာပေါ့
အခုတော့
ဒီရေတွေလည်း စိတ်ဆိုး
တိတ်တခိုးနဲ့ ငိုရှိုက်
ငါလည်း မီးခိုးတွေကြားခေါင်းစိုက်
လမင်းကို တစ်ချက်ရိုက်ချင်တယ်
ငါရူးရူးမိုက်မိုက် လွမ်းပါရစေ ....ဖြိုးငယ်
လွမ်းရသူရေ ...
လွမ်းရိပ်တဝေေ၀
လွမ်းအတိတ်တွေနဲ့
လွမ်းစိတ်တွေ မပြေနိုင်ဘူး
လွမ်းစိတ်နဲ့ မော ...
လွမ်းမိုးတွေတစ်ဖွဲဖွဲရွာ
လွမ်းမောစရာ
လွမ်းရာသီထဲ
လွမ်းတေးတွေဆိုညီး
လွမ်းမီးတွေရင်ထဲတောက်
လွမ်းလောက်တဲ့ အနမ်းတွေနဲ့
လွမ်းသောက်ထားတဲ့ မနက်ခင်းမှာ
လွမ်းရင်းနဲ့ ဆွေး ....ဖြိုးငယ်မှတ်ချက် ။ ။
အခုတလောရေးဖြစ်တဲ့ ကဗျာတွေကို ဖတ်ပြီး .. ကျွန်တော့်ကို ဘာဖြစ်နေတာလဲ .. အသဲကွဲနေတာလား .. မေးနေတဲ့သူ မနည်းပါဘူး .. ကျွန်တော် ဘာမှ မဖြစ်ပါဘူး .. ဖြိုးငယ် တကယ် ဘာမှ မဖြစ်ပါဘူး .. ကျွန်တော်က စိတ်ကူးပေါက်ရင်လည်း ပေါက်သလိုရေးတက်ပါတယ် ... အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ .. အခုကဗျာလေးကို ရေးထားတာကြာပါပြီ .. ကျွန်တော် ဘလော့ မလုပ်ခင်တည်းကပေါ့ ... ဘလော့မှာ မတင်ဖူးသေးလို့ အခုတင်လိုက်တာပါ ... အသဲကွဲတာတွေ မလုပ်ပါနဲ့ဆိုတဲ့ ကျွန်တော့် သူငယ်ချင်းကဗျာဆရာ ဖတ်ဖို့ပေါ့ဗျာ ..:P .. အခုလောလောဆယ် ဘာမှ မရေးနိုင်သေးလို့ပါဗျာ .. နားလည်ရင်း အားပေးကြပါဗျာ .. ကျွန်တော့်ကို ဂရုတစိုက်မေးမြန်းကြသော သူငယ်ချင်းများအားလုံး နဲ့လာရောက် ခံစားကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ ...
အနှေးကွက်တွေပဲ ပြနေတဲ့ action ကား
တိတ်တွေကုန်သွားတာပဲ အဖတ်တင်တယ်
မျက်ရည်မြင်မှာ သက်သေထင်တာလား
ဟေ့ဒီမှာ ငါ့ရင်ကိုခွဲ
ပုပ်နေတဲ့ အသည်းနှလုံး
မင်းမုန်းသွားလို့ ဖြစ်မှာပါ ...
အောင်မြင်ခြင်းမှတ်တိုင်မှာ
ကျရှုံးခြင်းလက်မှတ်ကိုင်ရတဲ့ ငါ
အဲဒီအခါမှာ ရွာတဲ့မိုးကို
ဘယ်လိုများ ကဗျည်းထိုးကြဦးမှာလဲ.....
ဖြိုးငယ်