Saturday, November 8, 2008

လမင်းကို ရိုက်ချင်သူ



တစ်ဖွာပြီး တစ်ဖွာရှိုက်မိတဲ့ မီးခိုးငွေ့တွေကြား
အလွမ်းတွေပါးသွားရင် ကောင်းမယ် ...
ငါ့စိတ်ကို ခုနှစ်ခု ကွဲသွားမလားလို့
သူ့ကို လက်တွဲကြည့်ပါတယ်
နောက်ဆုံးတော့ ပြာတွေပဲ ရှိတယ် .....

ငါ မသိခဲ့ဘူး
ကြယ်တွေမရှိတဲ့ ကောင်းကင်မှာ
သူမ မျက်နှာ မထင်မှန်း
ငါသိသိရက်နဲ့ ဘာကြောင့်လှမ်းကြည့်နေမိလဲ ....

လမင်းရေ ..
မင်းက လူကြမ်းပဲ
ငါလွမ်းမှန်း သိနေတာတောင်
မင်းက တစ်ခြမ်းပဲ ရှိတယ် ...

မင်းသိရဲ့လား
ငါ့ချစ်သူ ငါ့ကိုနမ်းဖို့
မင်းကို လှမ်းကြည့်ချိန်
မင်းဆီမှာ ငါမရှိရင်
အပြစ်ဒဏ်ထိလိမ့်မယ် ....

တကယ်ဆို
လွမ်းရစ်သမျှ ပြေအောင်
လပြည့်ည တွေပဲဖြစ်သင့်တာပေါ့
အခုတော့
ဒီရေတွေလည်း စိတ်ဆိုး
တိတ်တခိုးနဲ့ ငိုရှိုက်
ငါလည်း မီးခိုးတွေကြားခေါင်းစိုက်
လမင်းကို တစ်ချက်ရိုက်ချင်တယ်
ငါရူးရူးမိုက်မိုက် လွမ်းပါရစေ ....



ဖြိုးငယ်


10 comments:

GreenGirl on November 8, 2008 at 3:38 AM said...

သူ့ဟာသူနေတဲ့ လမင်းကိုတောင် ရိုက်ချင်လို့တဲ့။ မောင်လေးရယ် စိတ်ထိန်းပါ

ညိမ်းညို on November 8, 2008 at 4:15 AM said...

ငါ့အတွက်ပါ တချက်လောက်ပိုရိုက်စမ်းပါကွာ :P
တကထဲ တစ်နှစ်လုံးနေလို့မှ လက်ဆယ်ချောင်းပြည့်အောင် မသာတဲ့လ :)
ကဖြိုးငယ်ရေ လွမ်းလှချေလားဗျာ

mgngal on November 8, 2008 at 4:43 AM said...

မလုပ်ပါနဲ့ အစ်ကိုရာ ။သနားပါတယ် သူ့ ဟာသူနေပါစေ ။
ကဗျာလေးကတော့ အနှစ်ပဲ ။

ငါ့ချစ်သူ ငါ့ကိုနမ်းဖို့
မင်းကို လှမ်းကြည့်ချိန်
မင်းဆီမှာ ငါမရှိရင်
အပြစ်ဒဏ်ထိလိမ့်မယ် ....

မိုက်တယ် အဲဒီစာသားလေး ။ :)

Anonymous said...

ကောင်းတယ် အကိုရေ...
တစ်ဖွာပြီး တစ်ဖွာရှိုက်မိတဲ့ မီးခိုးငွေ့တွေကြား
အလွမ်းတွေပါးသွားရင် ကောင်းမယ်...
အဲဒီစာသားလေးကြိုက်တယ်ဗျာ..

thihanyein on November 8, 2008 at 6:08 AM said...

မိုက်တယ်ကွာ
လမင်းကိုတစ်ချက်လောက်မရိုက်နဲ့ ခပ်များများရိုက်ကဗျာဆရာ
တစ်ဖွာပြီး တစ်ဖွာရှိုက်မိတဲ့ မီးခိုးငွေ့တွေကြား
အလွမ်းတွေပါးသွားရင် ကောင်းမယ် ...
ငါ့ချစ်သူ ငါ့ကိုနမ်းဖို့
မင်းကို လှမ်းကြည့်ချိန်
မင်းဆီမှာ ငါမရှိရင်
အပြစ်ဒဏ်ထိလိမ့်မယ် ....
အဲဒီစာကြောင်းလေးတွေမိုက်တယ်ဗျာ ကဗျာဆရာတို့ကတော့လုပ်လိုက်ရင် အလွမ်းခန်းပဲနော်
ကောင်းတယ်ဆရာရေ ကောင်းတယ်ဗျ

ခေါင်ခေါင် on November 8, 2008 at 8:18 AM said...

ရိုက်သာရိုက်ပစ် အဲဒိလမင်းကို
သူ့ကြောင့် အရူးအမူးလွမ်းနေရတာ

ကဗျာလေး အရမ်းကောင်းတယ်ဗျာ

Anonymous said...

အယ်........... တယ်စာတဲ့ဆိုပါလားဗျ
လန်ထွက်နေတာပဲဗျို့

Unknown on November 8, 2008 at 12:29 PM said...

တစ်ပုဒ်လုံး Solid ပဲ ဒီ အပိုဒ်တော့ အကြိုက်ဆုံး ပဲ...။

တစ်ဖွာပြီး တစ်ဖွာရှိုက်မိတဲ့ မီးခိုးငွေ့တွေကြား
အလွမ်းတွေပါးသွားရင် ကောင်းမယ် ...
ငါ့စိတ်ကို ခုနှစ်ခု ကွဲသွားမလားလို့
သူ့ကို လက်တွဲကြည့်ပါတယ်
နောက်ဆုံးတော့ ပြာတွေပဲ ရှိတယ် .....။

နေရီနွယ် on November 9, 2008 at 4:50 AM said...

မရိုက်ချင်ပါနဲ့ အကိုတော်ရာ

Apprenticeship on November 9, 2008 at 1:22 PM said...

အန်း...ရှာတဲ့နေရာမှားနေလို့နေမှာပေါ့...။ ဘယ်နယ့်ဆေးလိပ်တိုမှာ သူနေပါ့မလဲ :P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template