Wednesday, November 26, 2008

လက်ကမ်းလင့်တော့




တိတ်တခိုး အကြင်နာနဲ့
မေတ္တာတွေ နှစ်ကြာရှည်
ချစ်တာတွေ မင်းမသိခဲ့
ရင်ထဲမှ မင်းမကြည့်တာ

မမြင်လည်း သိနိုင်ရဲ့
သစ္စာခိုင် မေတ္တာလမ်းမှာ
အချစ်ပန်းတစ်ပွင့်မျှ
လက်ကမ်းလင့်ပါတော့ ချစ်သူရယ်


10 comments:

Unknown on November 26, 2008 at 2:36 AM said...

သူမ က မကြည့်မှတော့
ဘယ်မြင်နိုင်မှာလဲမောင်လေးရယ်..

တဖက်သက်အချစ်လေးပါလား..
နှစ်ကြာရှည်ချစ်လာပြီး..မပြောင်း
လဲသောချစ်ခြင်းတရားကိုတော့
လေးစားတယ်..

ခေါင်ခေါင် on November 26, 2008 at 5:44 AM said...

ကမ်းလင့်လိုက်ပါတော့...
ဒီလောက်ချစ်နေတာ

ညိမ်းညို on November 26, 2008 at 6:43 AM said...

ကဖြိုးငယ်ကြီး
မျှော်လင့်ချက်တွေ ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝအောင်မြင်ပါစေဗျာ :) :)

Anonymous said...

တိတ်တခိုး အကြင်နာနဲ့
မေတ္တာတွေ နှစ်ကြာရှည်
ချစ်တာတွေ မင်းမသိခဲ့
ရင်ထဲမှ မင်းမကြည့်တာ

မမြင်လည်း သိနိုင်ရဲ့
သစ္စာခိုင် မေတ္တာလမ်းမှာ
အချစ်ပန်းတစ်ပွင့်မျှ
လက်ကမ်းလင့်ပါတော့ ချစ်သူရယ်

တကယ်ကို ကောင်းတယ်ဗျာ အားပေးလျက်ပါ..

မသက်ဇင် on November 27, 2008 at 9:36 PM said...

ကဗျာကောင်းလေးတပုဒ်ပါ--

thihanyein on November 28, 2008 at 9:37 AM said...

ခံစားသွားတယ်အသဲကွဲသမားကြီးရေ***
ရွဲခေါ်ပြီဗျာ ***မတတ်နိုင်ဘူး**ဟားဟား**
ကဗျာကောင်းလေးဗျာ***

Anonymous said...

ချစ်သူမေတ္တာကို လိုအပ်နေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ သဏ္ဍန်က အတွေးအာရုံထဲ ဖျတ်ကနဲ ပေါ်လာတယ် ...

ချစ်မေတ္တာတွေ အမြန်ဆုံးခံယူနိုင်ပါစေ ...

ခင်မင်လေးစားမှုများစွာဖြင့်

GreenGirl on November 28, 2008 at 7:20 PM said...

ဘယ်တော့ ဖတ်ဖတ်ကောင်းနေတာပဲ။ မောင်လေး ပျောက်လှချည်လား။ ဘယ်တွေရောက် :)

မီးတောက် on November 28, 2008 at 11:44 PM said...

အကို ကဗျာကောင်းလေးကို ရင်နှင့်သမျှခံစားသွားပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

Mhu Darye on December 12, 2008 at 9:10 AM said...

တိတ်တခိုး အကြင်နာနဲ့
မေတ္တာတွေ နှစ်ကြာရှည်
ချစ်တာတွေ မင်းမသိခဲ့
ရင်ထဲမှ မင်းမကြည့်တာ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template