Sunday, November 9, 2008

ထွက်ပေါက်



ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....

ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့သေးတာပဲ
ငါ့ရင်ဘတ်မှာလဲ ဖြတ်ထုတ်ရခက်
အတက် တစ်ခု ထွက်ခဲ့ပြီလေ
မင်းကြောင့်ပေါ့ မိန်းကလေးရယ် ...

အားမတန် မာန်လျှော့ ဆိုပေမဲ့
အသွားအပြန်တော့ ရှိသင့်ရဲ့
မနက်ဖြန်ဆိုတာ ဘာမှန်း မသိတဲ့ဘ၀မှာ
အသေအချာ ရှိတာက အလွမ်းစုတို့ ...

အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....

ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....

ဘာမှ မထားချင်ဘူး
ရပင့်နဲ့ ဝေးနေတဲ့ဘ၀မို့
ရရစ်ကို အဖော်ညှိ
ဓါးစာခံ အဖြူရောင် နတ်သမီးတို့ သိတယ် ....

တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....



11 comments:

WWKM on November 9, 2008 at 4:36 PM said...

တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....

ဟဟ..ကဗျာလေးကြိုက်သွားတယ် မောင်လေးဖြိုးငယ်.
ဒီအပိုဒ်လေးဖတ်ပြီး..စိုင်းစိုင်း ကိုသတိရသွားတယ်လေ။
တော်ပါပေ၏။

ခင်မင်လျှက်
အမ၀ါ

thihanyein on November 9, 2008 at 10:24 PM said...

ကဗျာလေးကောင်းတယ်ကဗျာဆရာ
ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....
အဲဒါလေးကောင်းတယ်ဗျာ သူမသိအောင်လုပ်ဖို့တော့
လိုတယ်နော် ကဗျာဆရာ

Unknown on November 10, 2008 at 2:11 AM said...

ကဗျာကောင်းလေးလာဖတ်
သွားတယ်နော်ဖြိုးငယ်..
ကဗျာတွေကအမြဲကောင်း
နေလို့..ဘာမှဆက်မပြော
တော့ဘူးနော်..ရင်နဲ့အမြဲ
လာရောက်ခံစားသွားတယ်..

mgngal on November 10, 2008 at 2:44 AM said...

အစ်ကို့ရင်ဘတ်မှာ အတက်ကြီး ထွက်နေတယ် ဟုတ်လား ။
ဂရုစိုက်ဦးဗျ ။ အဲဒီရောဂါ တစ်ခါမှ မကြားဖူးဘူး ။ :P နောက်တာ ။
အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....
။ကောင်း၏ ။ မှန်၏ ။ :)

GreenGirl on November 10, 2008 at 4:48 AM said...

တောင်းပန်ပါတယ်ဗျာ တစ်လောကလုံး ဗြောင်းဆန်နေတာပဲ တစ်ကယ်ချစ်ခဲ့တယ်ဆိုတာတော့ လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးရယ် ပေါ့နော် :P

စတာနော် မောင်လေး။ ငါ့မောင်က ပေါက်ကွဲပြီးလည်း လွမ်းတတ်တယ်။ ငြိမ်ငြိမ်လေးလည်း လွမ်းတတ်တယ်။ လွမ်းတဲ့နေရာမှာ တော်တယ် :)

ရွှေပြည်သူ (ShwePyiThu) on November 10, 2008 at 7:28 AM said...

“အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....”
စကားလုံးတွေက တကယ်ကိုကောင်းတယ် ဖြိုးငယ်ရေ။ မောင်လေး ကဗျာရေးတော်တော်ကို ကောင်းတယ်း)

Anonymous said...

ဖြိုးငယ်

အဲကဗျာလေးမှာ အစပိုဒ်လေး သိပ်လှတယ်

ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....

ရင်ဘတ်ထဲထည့်ကြည့်လေတော့ အားလုံးခံစားလို့ရတယ်၊ သဘောကျနှစ်ခြိုက်မိတယ်၊ အဖွဲ့အနွဲ့လေးလည်း ဆန်းသစ်တယ်။ အားပေးနေမယ်ညီ ...။

ခင်မင်လေးစားစွာဖြင့်

နေရီနွယ် on November 11, 2008 at 4:06 AM said...

ဘုရားရေ အကိုတော့် ရောဂါကြီးကကြောက် စရာကြီးရယ် အမြန်ကုသပါ အကိုတော်
ထိုအတက်ပိုရှည်လာပါက မတွေးရဲစရာရယ်
ပါအကိုတော် နှမတော် စိတ်ပူမိပါရဲ့ 
ယောက်မတော် အတွက်လည်း မသင့်တော်
ကြောင်းပါ အကိုတော် :P

၀ဿန်ဦး on November 11, 2008 at 11:03 AM said...

နားလည်ကြည့်ပေးပါသဗျာ.. ဟတ်ဟတ်

Apprenticeship on November 12, 2008 at 1:48 PM said...

အင်းကောင်းလိုက်တဲ့ကဗျာ.. သူသိသွားပီထင်တယ်... ငြိမ်သွားပီ :P

ရိုးမြင့်အောင် on November 24, 2008 at 8:56 AM said...

စိုင်းစိုင်းဖြိုးငယ်... ဘယ်လိုလဲဗျ... ထွက်ပေါက်တွေ့ပြီးလား... ဘီခါ့ဟ်ဒ် လို့ရေးထားတဲ့ ဘက်က ထွက်... အဟတ်ဟတ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template