Thursday, November 6, 2008

လွမ်း



လွမ်းရသူရေ ...
လွမ်းရိပ်တဝေေ၀
လွမ်းအတိတ်တွေနဲ့
လွမ်းစိတ်တွေ မပြေနိုင်ဘူး
လွမ်းစိတ်နဲ့ မော ...

လွမ်းမိုးတွေတစ်ဖွဲဖွဲရွာ
လွမ်းမောစရာ
လွမ်းရာသီထဲ
လွမ်းတေးတွေဆိုညီး
လွမ်းမီးတွေရင်ထဲတောက်
လွမ်းလောက်တဲ့ အနမ်းတွေနဲ့
လွမ်းသောက်ထားတဲ့ မနက်ခင်းမှာ
လွမ်းရင်းနဲ့ ဆွေး ....



ဖြိုးငယ်

မှတ်ချက် ။ ။ အခုတလောရေးဖြစ်တဲ့ ကဗျာတွေကို ဖတ်ပြီး .. ကျွန်တော့်ကို ဘာဖြစ်နေတာလဲ .. အသဲကွဲနေတာလား .. မေးနေတဲ့သူ မနည်းပါဘူး .. ကျွန်တော် ဘာမှ မဖြစ်ပါဘူး .. ဖြိုးငယ် တကယ် ဘာမှ မဖြစ်ပါဘူး .. ကျွန်တော်က စိတ်ကူးပေါက်ရင်လည်း ပေါက်သလိုရေးတက်ပါတယ် ... အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ .. အခုကဗျာလေးကို ရေးထားတာကြာပါပြီ .. ကျွန်တော် ဘလော့ မလုပ်ခင်တည်းကပေါ့ ... ဘလော့မှာ မတင်ဖူးသေးလို့ အခုတင်လိုက်တာပါ ... အသဲကွဲတာတွေ မလုပ်ပါနဲ့ဆိုတဲ့ ကျွန်တော့် သူငယ်ချင်းကဗျာဆရာ ဖတ်ဖို့ပေါ့ဗျာ ..:P .. အခုလောလောဆယ် ဘာမှ မရေးနိုင်သေးလို့ပါဗျာ .. နားလည်ရင်း အားပေးကြပါဗျာ .. ကျွန်တော့်ကို ဂရုတစိုက်မေးမြန်းကြသော သူငယ်ချင်းများအားလုံး နဲ့
လာရောက် ခံစားကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ ...

8 comments:

လင်းဒီပ on November 6, 2008 at 4:52 AM said...

အလွမ်းတွေသောက်ပြီး ဒယီးဒယိုင်နဲ့ ပြန်သွားတယ်...:P

Anonymous said...

ရေးထားတာတွေ့တော့

လမင်းတို့ ဘလော့ဂ်လွမ်းရေးအကြောင်းလေးလဲ
လာဖတ်အုံးနော်

အလွမ်းတွေကတော့ဗျာ ...

http://nyahkinyaelamin.iblogger.org/%E1%80%9C%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8.html

thihanyein on November 6, 2008 at 7:09 AM said...

အင်း ပေါ်တင်ကိုကစ်တော့တာပဲ ကဗျာဆရာရယ်
လုပ်ကြပေါ့ဗျာ ခင်ဗျားတို့က လက်သီးလက်မောင်းတန်းပြီး
ကြွေးကြော်နိုင်တဲ့သူကိုးဗျ ကဗျာလေးကိုကြိုက်တယ်ဗျာ
ကောင်းတယ်နော် လွမ်း တွေကြည့်ပဲ ဆရာသမား
ကဗျာဆရာ မှတ်သွားတယ်ဗျား)

Unknown on November 6, 2008 at 8:07 PM said...

တော်သေးတာပေါ့..အသည်းကွဲနေတာ
မဟုတ်လို့..လွမ်းနာလေးပဲကြနေတာ

ကဗျာလေးလာခံစားသွားတယ်..

အရုပ်ကလေး on November 7, 2008 at 5:13 AM said...

အပေါ်ပိုဒ်လေးကို ပိုနှစ်သက်တယ်
တစ်ပုဒ်လုံးလည်း ကောင်းပါတယ်
အဆင်ပြေပါစေနော်

Anonymous said...

လွမ်း..လွမ်း.. လွမ်း..
အရမ်းလွမ်းသွားတယ်

mgngal on November 7, 2008 at 3:15 PM said...

အစ်ကိုကလည်း လွမ်းကဗျာ ရေးထားသေးတာပဲကိုး ။
ညီပဲရေးတာလားလို့  ။ တူနေပြီ ။ :D
ကဗျာလေးကတော့ လွမ်းစရာလေးဗျ ။

မီးတောက် on November 11, 2008 at 3:13 AM said...

အကောင်းတကအကောင်း ဆုံးပဲဗျာ...
ကြိုက်တယ် အကိုရာ....
အားပေးလျှက်ပါ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template