Saturday, August 25, 2007

ရင်ထဲမှာ.....

0 comments
ညဥ့်နက်နက်မှာ အတွေးမပြတ်တဲ့လူတစ်ယောက်
အချစ်ပျောက်ပြီးဘေးရောက်နေတဲ့သူ
အတွေးတို့နဲ့ယောက်ယှက်ခတ်နေလေရဲ့.....

ရက်စက်သူတစ်ယောက်ရဲ့အပြစ်ဒဏ်
နာကျင်စွာ အလူးအလဲခံရင်း
ထူးဆန်းတဲ့ ဝေဒနာတစ်ခု
ရင်မှာလည်းအဖော်ပြုလို့ပေါ့.....

အနာဂတ်ကိုမမျှော်လင့်ရဲပေမဲ့
ရင်ထဲကဝေဒနာတစ်စုကို
ကဗျာလေးတစ်ခုအဖြစ်နဲ့
ထာဝရသိမ်းထားခွင့်ပြုပါ......

ဖိုးငယ်

Friday, August 24, 2007

စက်ဝိုင်း

1 comments
မင်းအကြောင်းတွေး
အိမ်မက်လေးတစ်ခုပါ
စုတ်ချက်တွေတင်ပြီး
မိုင်ကုန်နှင်ထားတဲ့အလွမ်း
တစ်ခန်းရပ်ပြဇာတ်လေးလား......
ငါ့ညရဲ့လဟာလည်း မင်း
အချင်း မပါတဲ့ဝင်ရိုးပေါ်
ခပ်ချာချာလည်ရင်း
ငါ့ဗဟိုချက်လေးကို
ထာဝရစောင့်ရှောက်ခွင့်ပြုပါ......


ဖြိုးငယ်

Thursday, August 23, 2007

တရားထိုင်ပုံထိုင်နည်း

1 comments
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရ မြို. ၌ ဟောကြားသောတရားတော်
တရားအားထုတ်နည်း


ထိုင်ပုံထိုင်နည်း
တရားထိုင်တဲ့အခါ ခါးကိုဖြောင့်ဖြောင့်မတ်မတ်ထား၊ ရှေ့လဲမငိုက်နဲ့ ၊ ဘေးလဲမစောင်းနဲ့၊ခေါင်းကလဲ ဘယ်ဘက်မှ မစောင်းပါနဲ့၊ ခါးအထက်ပိုင်းကိုယ်ကြီးဟာ ရှေ့နောက် ဘေးယိုင်နေရင်၊ အရိုးအဆစ်တွေ အဆက်ချင်းတည့်တည့်မနေတဲ့အတွက် မကြာခင် နာလာလိမ့်မယ်၊ ။
ဝေဒနာကိုတွေ့ဖို့တားပါဦး၊ သမာဓိကိုရအောင်တောင် မထိုင်နိုင်ဘဲနေမှာစိုးရတယ်၊ခါးအောက်ပိုင်းကလဲ သိပ်တင်းကြပ်ပြီး ခြေထောက်ချင်းဖိမထားရဘူး ၊ ဖိထားခဲ့လို့ရှိရင် သွေးလွတ်ကြော၊ သွေးပြန်ကြောတွေကိုက်ခဲလာမယ်။
ဒီတော့ထိုင်နည်းမ မှန်ရင် ဝေဒနာကို တမင်လုပ်ပြီးယူရာကျမယ်၊ဒီအချက်တွေဟာ တရားထိုင်စ
ယောဂီများအတွက် အရေးကြီးတယ်။ ။
ဝင်လေထွက်လေကို မှန်မှန်ရှူရှိုက်ရမယ်။ သိပ်ပြင်းပြင်းထန်ထန်နဲ့မြန်မြန်ဆန်ဆန် ရှူရှိုက်လိုက်ရှိရင်
ကိုယ့်ကိုယ်ကို ညှင်းဆဲရာကျမယ်။ ။ ။

Wednesday, August 22, 2007

ညီမလေးသိပါစေ

0 comments
ကျွန်တော်နဲ့ online ပေါ်မှာ အမှတ်မထင် သိခဲ့ရတဲ့ ညီမလေးတစ်ယောက်....
ရုတ်တရက် တစ်ညမှာ voice ခေါ်ပြီး ပြောပါတယ်.....
သူ့အမေဆုံးပါးသွားကြောင်းပြောပြီးငိုပါလေရော....
ကျွန်တော်လည်းချက်ချင်းဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အ သွားခဲ့ရပါတယ်……
ကံဆိုးလေစွညီမလေးရယ်...
ပြီးတော့ သူမကလည်းနိုင်ငံခြားမှာရောက်နေပြီးပြန်ခွင့်မရတဲ့အတွက် ယူကျုံးမရဖြစ်ရကြောင်း.....သူမဘာလုပ်ရမလဲမသိကြောင်း ပြောပြီး ငိုနေပါတယ်....
သူမ ဘ၀ကလည်းကံဆိုးသူများစာရင်းဝင်လောက်အောင်
ဆိုးလွန်းလှပါတယ်......သူမအချစ်ဆုံး အစ်မ က လည်းကွယ်လွန်သွားတာ
မကြာသေးပါဘူး....အခုလည်း.............

ဒီတော့သူမဘယ်လောက်ခံစားနေရမလဲဆိုတာ.....စာဖတ်သူလည်း
နားလည်ပေးနိုင်မှာပါ.......တကယ်ဆိုကွယ်လွန်သွားသူကို
ကျွန်တော်လုံးဝမသိပေမဲ့ညီမလေးကိုစာနာနားလည်ပေးရင်း
အန်တီတစ်ယောက်ဆုံးပါးသွားကလို ခံစားရပါတယ်......

ညီမလေးကိုလည်း
နောင် ဖြစ်လေရာဘ၀တွေမှာ...
ဒီလိုအဖြစ်ဆိုးမျိုးမှကင်းဝေးပါစေလို့.....
ဆုတောင်းပေးရင်း........
ကျွန်တော်ရည်ရွယ်သောညီမလေးအမှတ်မထင် ကျွန်တော့်blogလေးကိုရောက်လာတဲ့အခါ......
ကျွန်တော်လည်းထပ်တူထပ်မျှဝမ်းနည်းကြေကွဲ ရပါကြောင်း.........
သူမ သိမည်ထင်ပါသည်။ ။ ။



ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစွာဖြင့်

ဖြိုးငယ်

အကြွေစောသူများ

0 comments
အခုတစ်လော နာမည်ကြီး အနုပညာရှင်များဆုံးပါးသွားပါတယ်ဆိုတဲ့ သတင်းကို စိတ်မကောင်းစွာကြားသိခဲ့ရပါတယ်......

နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဒွေး ရုတ်တရက် ကွယ်လွန်သွားပါတယ်ဆိုတဲ့ သတင်းကိုကြားရစဉ်က

ယုံတောင်မယုံချင်ခဲ့ပါဘူး....ဇာတ်လမ်းတစ်ခုကို သရုပ်ဆောင်တာကို ဟာသ အနေနဲ့ ရေးသားခြင်းလို့ ထင်မိပါတယ်...ဒါပေမဲ့

တကယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အနုပညာပန်းတစ်ပွင့်အကြွေစောလို့ ၀မ်းနည်းမိပါကြောင်း........

ထပ်ပြီးမကြာခင်မှာပဲ....နိုင်ငံကျော် စာရေးဆရာကြီး တာရာမင်းဝေ ရဲ့သတင်းကိုပါထပ်မံကြားသိခဲ့ရပြန်ပါတယ်.....

အရည်အချင်းရှိ အနုပညာရှင်များ ဘာလို့များအကြွေစောနေကြပါသလဲလို့ တွေးမိပါတယ်....သူတို့ရဲ့သရုပ်ဆောင်ပုံတွေ...

အရေးအသားတွေ....အနုပညာပုံရိပ်တွေကို နောက်ထပ်တွေ့မြင်ခံစားခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့တွေးဝင်လာပြန်တော့

နှမြော ၀မ်းနည်းမိပါတယ်....

သူတို့ရဲ့ သတင်းတွေကို ကြားသိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန် သွားကြရတဲ့အတွက်...သေခြင်းတရားရဲ့ အစိုးမရပုံကို သံဝေဂရမိသလို....

အရည်အချင်းရှိအနုပညာရှင်များ စောစောစီးစီးအကြွေစောသွားကြတဲ့ အတွက် သူတို့မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း ...................................

ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစွာဖြင့်

ဖြိုးငယ်
cry

မင်းအကြောင်းအိမ်မက်

0 comments
မင်းအကြောင်းအိမ်မက်

မနက်ဖြန်တစ်ရက်ဆက်ဦးမယ်

ခပ်မှန်မှန်မောင်းနေတဲ့ရထား

ငါတစ်ယောက်တည်းလားကွာ........

လျှောက်လဲစရာမရရှိပါဘူး

သခင်ရင်ကိုမြင်အောင်ကြည့်လှည့်ပေါ့

ရင်ထဲက ..... မီး



ဖြိုးငယ်
kiss

Tuesday, August 21, 2007

ခွင့်လွတ်ခြင်း

0 comments
ပန်းတွေနဲ့အတူ
စမ်းရေထဲမျှောလိုက်တာ
အလွမ်းတွေမဟုတ်ပါဘူး .......

အခုတော့
ဝေးတစ်မြေခြားမှာ
အတွေးတွေကြားထဲ
ဆွေးနေရပြီလေ.......

အလွမ်းတွေလား...
အနမ်းတွေလား...
စမ်းရေလား...
ပန်းတွေလား...

ငါ့ကိုယ်ငါတောင်ဘာမှန်းမသိ
လာနမ်းကြည့်တဲ့
လေပြေရို့ရို့နဲ့
သစ်ရွက်တစ်ချို့
အပြစ်မဲ့လို့...ငါ
ခွင့်လွတ်ထားလိုက်ပါပြီ........

ဖြိုးငယ်

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template