Thursday, August 23, 2007

တရားထိုင်ပုံထိုင်နည်း


ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရ မြို. ၌ ဟောကြားသောတရားတော်
တရားအားထုတ်နည်း


ထိုင်ပုံထိုင်နည်း
တရားထိုင်တဲ့အခါ ခါးကိုဖြောင့်ဖြောင့်မတ်မတ်ထား၊ ရှေ့လဲမငိုက်နဲ့ ၊ ဘေးလဲမစောင်းနဲ့၊ခေါင်းကလဲ ဘယ်ဘက်မှ မစောင်းပါနဲ့၊ ခါးအထက်ပိုင်းကိုယ်ကြီးဟာ ရှေ့နောက် ဘေးယိုင်နေရင်၊ အရိုးအဆစ်တွေ အဆက်ချင်းတည့်တည့်မနေတဲ့အတွက် မကြာခင် နာလာလိမ့်မယ်၊ ။
ဝေဒနာကိုတွေ့ဖို့တားပါဦး၊ သမာဓိကိုရအောင်တောင် မထိုင်နိုင်ဘဲနေမှာစိုးရတယ်၊ခါးအောက်ပိုင်းကလဲ သိပ်တင်းကြပ်ပြီး ခြေထောက်ချင်းဖိမထားရဘူး ၊ ဖိထားခဲ့လို့ရှိရင် သွေးလွတ်ကြော၊ သွေးပြန်ကြောတွေကိုက်ခဲလာမယ်။
ဒီတော့ထိုင်နည်းမ မှန်ရင် ဝေဒနာကို တမင်လုပ်ပြီးယူရာကျမယ်၊ဒီအချက်တွေဟာ တရားထိုင်စ
ယောဂီများအတွက် အရေးကြီးတယ်။ ။
ဝင်လေထွက်လေကို မှန်မှန်ရှူရှိုက်ရမယ်။ သိပ်ပြင်းပြင်းထန်ထန်နဲ့မြန်မြန်ဆန်ဆန် ရှူရှိုက်လိုက်ရှိရင်
ကိုယ့်ကိုယ်ကို ညှင်းဆဲရာကျမယ်။ ။ ။

1 comments:

Min Myat Soe on May 18, 2009 at 6:14 AM said...

မှတ်သားဖွယ်ရာ စာတွေအတွက် ကျေးဇူးပါ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template