Friday, August 24, 2007

စက်ဝိုင်း


မင်းအကြောင်းတွေး
အိမ်မက်လေးတစ်ခုပါ
စုတ်ချက်တွေတင်ပြီး
မိုင်ကုန်နှင်ထားတဲ့အလွမ်း
တစ်ခန်းရပ်ပြဇာတ်လေးလား......
ငါ့ညရဲ့လဟာလည်း မင်း
အချင်း မပါတဲ့ဝင်ရိုးပေါ်
ခပ်ချာချာလည်ရင်း
ငါ့ဗဟိုချက်လေးကို
ထာဝရစောင့်ရှောက်ခွင့်ပြုပါ......


ဖြိုးငယ်

1 comments:

တင့်ထူးရွှေ on September 8, 2007 at 10:09 AM said...

စက်ဝိုင်းလေး တစ်ခုလို ပါပဲဗျာ. ။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template