Wednesday, August 22, 2007

ညီမလေးသိပါစေ


ကျွန်တော်နဲ့ online ပေါ်မှာ အမှတ်မထင် သိခဲ့ရတဲ့ ညီမလေးတစ်ယောက်....
ရုတ်တရက် တစ်ညမှာ voice ခေါ်ပြီး ပြောပါတယ်.....
သူ့အမေဆုံးပါးသွားကြောင်းပြောပြီးငိုပါလေရော....
ကျွန်တော်လည်းချက်ချင်းဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အ သွားခဲ့ရပါတယ်……
ကံဆိုးလေစွညီမလေးရယ်...
ပြီးတော့ သူမကလည်းနိုင်ငံခြားမှာရောက်နေပြီးပြန်ခွင့်မရတဲ့အတွက် ယူကျုံးမရဖြစ်ရကြောင်း.....သူမဘာလုပ်ရမလဲမသိကြောင်း ပြောပြီး ငိုနေပါတယ်....
သူမ ဘ၀ကလည်းကံဆိုးသူများစာရင်းဝင်လောက်အောင်
ဆိုးလွန်းလှပါတယ်......သူမအချစ်ဆုံး အစ်မ က လည်းကွယ်လွန်သွားတာ
မကြာသေးပါဘူး....အခုလည်း.............

ဒီတော့သူမဘယ်လောက်ခံစားနေရမလဲဆိုတာ.....စာဖတ်သူလည်း
နားလည်ပေးနိုင်မှာပါ.......တကယ်ဆိုကွယ်လွန်သွားသူကို
ကျွန်တော်လုံးဝမသိပေမဲ့ညီမလေးကိုစာနာနားလည်ပေးရင်း
အန်တီတစ်ယောက်ဆုံးပါးသွားကလို ခံစားရပါတယ်......

ညီမလေးကိုလည်း
နောင် ဖြစ်လေရာဘ၀တွေမှာ...
ဒီလိုအဖြစ်ဆိုးမျိုးမှကင်းဝေးပါစေလို့.....
ဆုတောင်းပေးရင်း........
ကျွန်တော်ရည်ရွယ်သောညီမလေးအမှတ်မထင် ကျွန်တော့်blogလေးကိုရောက်လာတဲ့အခါ......
ကျွန်တော်လည်းထပ်တူထပ်မျှဝမ်းနည်းကြေကွဲ ရပါကြောင်း.........
သူမ သိမည်ထင်ပါသည်။ ။ ။



ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစွာဖြင့်

ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template