Wednesday, August 22, 2007

အကြွေစောသူများ


အခုတစ်လော နာမည်ကြီး အနုပညာရှင်များဆုံးပါးသွားပါတယ်ဆိုတဲ့ သတင်းကို စိတ်မကောင်းစွာကြားသိခဲ့ရပါတယ်......

နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဒွေး ရုတ်တရက် ကွယ်လွန်သွားပါတယ်ဆိုတဲ့ သတင်းကိုကြားရစဉ်က

ယုံတောင်မယုံချင်ခဲ့ပါဘူး....ဇာတ်လမ်းတစ်ခုကို သရုပ်ဆောင်တာကို ဟာသ အနေနဲ့ ရေးသားခြင်းလို့ ထင်မိပါတယ်...ဒါပေမဲ့

တကယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အနုပညာပန်းတစ်ပွင့်အကြွေစောလို့ ၀မ်းနည်းမိပါကြောင်း........

ထပ်ပြီးမကြာခင်မှာပဲ....နိုင်ငံကျော် စာရေးဆရာကြီး တာရာမင်းဝေ ရဲ့သတင်းကိုပါထပ်မံကြားသိခဲ့ရပြန်ပါတယ်.....

အရည်အချင်းရှိ အနုပညာရှင်များ ဘာလို့များအကြွေစောနေကြပါသလဲလို့ တွေးမိပါတယ်....သူတို့ရဲ့သရုပ်ဆောင်ပုံတွေ...

အရေးအသားတွေ....အနုပညာပုံရိပ်တွေကို နောက်ထပ်တွေ့မြင်ခံစားခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့တွေးဝင်လာပြန်တော့

နှမြော ၀မ်းနည်းမိပါတယ်....

သူတို့ရဲ့ သတင်းတွေကို ကြားသိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန် သွားကြရတဲ့အတွက်...သေခြင်းတရားရဲ့ အစိုးမရပုံကို သံဝေဂရမိသလို....

အရည်အချင်းရှိအနုပညာရှင်များ စောစောစီးစီးအကြွေစောသွားကြတဲ့ အတွက် သူတို့မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း ...................................

ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစွာဖြင့်

ဖြိုးငယ်
cry

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template