Tuesday, August 21, 2007

ခွင့်လွတ်ခြင်း


ပန်းတွေနဲ့အတူ
စမ်းရေထဲမျှောလိုက်တာ
အလွမ်းတွေမဟုတ်ပါဘူး .......

အခုတော့
ဝေးတစ်မြေခြားမှာ
အတွေးတွေကြားထဲ
ဆွေးနေရပြီလေ.......

အလွမ်းတွေလား...
အနမ်းတွေလား...
စမ်းရေလား...
ပန်းတွေလား...

ငါ့ကိုယ်ငါတောင်ဘာမှန်းမသိ
လာနမ်းကြည့်တဲ့
လေပြေရို့ရို့နဲ့
သစ်ရွက်တစ်ချို့
အပြစ်မဲ့လို့...ငါ
ခွင့်လွတ်ထားလိုက်ပါပြီ........

ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template