Tuesday, August 28, 2007
သတိတရ
နှင်းမှုန်လေးတွေပြန်လာတဲ့
မော်စကိုရဲ့အခါသမယ......
မြန်မာမှာဆို တန်ခူးလေနဲ့
ပျော်မြူးနေကြမဲ့ချိန်
ဝေးတစ်မြေခြားမှာ
အတွေးတွေများနေရတာ
သြော်.....ချစ်သူမရှိလေစ......
မှတ်ချက်။ ။ ၂၀၀၇ မဟာသင်္ကြန် တွင်ရေးစပ်ထားသော အမှတ်တရ ကဗျာ...
ဖြိုးငယ်
လွမ်းချင်းကဗျာ
အုံ့ဆိုင်းလို့ လွမ်းရည်
ရှစ်ခွင်ဆီမျှော်ကြည့်တော့
လွမ်းညို့တွေဆို့နေပေါ့
မောင်တော့ဘယ်လိုနေရမလဲ
ဒီစိတ်နဲ့ရူး.......
ဖြိုးငယ်
Sunday, August 26, 2007
နွေဦး
လွမ်းလို့ဆွေးရတဲ့ ဘဝ
ဝေးလို့ဆွေးရင်း
တွေးလို့ရေးခဲ့ရ
ဒီကဗျာက ချစ်သက်သေ......
လွမ်းငွေ့ဝေတဲ့ နွေဦး
လေရူးကသုန်သုန်
ဝေဖူးတဲ့ပန်းမရှိ
ငါမသိတဲ့မနက်ဖြန်
ခပ်မြန်မြန်ကုန်စေတော့လို့
ကြွေလျော့တဲ့အသဲတစ်စုံနဲ့
မင်းယုံအောင် သက်သေပြမယ်
စိတ်ထဲက ဆုတောင်းမိပေါ့
ကုန်စေတော့..နွေဦး
ဖြိုးငယ်
Saturday, August 25, 2007
အဓိပ္ပါယ်မဲ့
တံခွန်မရှိတဲ့ ဘုရား
လမရှိတဲ့ ည
ဘယ်ဟာကလှမလဲ
ငါ့ဘ၀လည်းဒီလိုပဲလေ...
ငါက...သုည
သူများနောက်ကလိုက်မှ
အဖိုးတန်သတဲ့
ဆိုးလိုက်တဲ့ကံ....
မနက်ဖြန်မှာလည်း
ခပ်မှန်မှန်အသက်ရှူရင်း
သူများတွေအတွက်..ငါ
အသက်ဆက်ရှင်နေဦးမယ်...
ဖြိုးငယ်
ရင်ထဲမှာ.....
အချစ်ပျောက်ပြီးဘေးရောက်နေတဲ့သူ
အတွေးတို့နဲ့ယောက်ယှက်ခတ်နေလေရဲ့.....
ရက်စက်သူတစ်ယောက်ရဲ့အပြစ်ဒဏ်
နာကျင်စွာ အလူးအလဲခံရင်း
ထူးဆန်းတဲ့ ဝေဒနာတစ်ခု
ရင်မှာလည်းအဖော်ပြုလို့ပေါ့.....
အနာဂတ်ကိုမမျှော်လင့်ရဲပေမဲ့
ရင်ထဲကဝေဒနာတစ်စုကို
ကဗျာလေးတစ်ခုအဖြစ်နဲ့
ထာဝရသိမ်းထားခွင့်ပြုပါ......
ဖြိုးငယ်
Friday, August 24, 2007
စက်ဝိုင်း
အိမ်မက်လေးတစ်ခုပါ
စုတ်ချက်တွေတင်ပြီး
မိုင်ကုန်နှင်ထားတဲ့အလွမ်း
တစ်ခန်းရပ်ပြဇာတ်လေးလား......
ငါ့ညရဲ့လဟာလည်း မင်း
အချင်း မပါတဲ့ဝင်ရိုးပေါ်
ခပ်ချာချာလည်ရင်း
ငါ့ဗဟိုချက်လေးကို
ထာဝရစောင့်ရှောက်ခွင့်ပြုပါ......
ဖြိုးငယ်
Thursday, August 23, 2007
တရားထိုင်ပုံထိုင်နည်း
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရ မြို. ၌ ဟောကြားသောတရားတော်
တရားအားထုတ်နည်း
ထိုင်ပုံထိုင်နည်း
တရားထိုင်တဲ့အခါ ခါးကိုဖြောင့်ဖြောင့်မတ်မတ်ထား၊ ရှေ့လဲမငိုက်နဲ့ ၊ ဘေးလဲမစောင်းနဲ့၊ခေါင်းကလဲ ဘယ်ဘက်မှ မစောင်းပါနဲ့၊ ခါးအထက်ပိုင်းကိုယ်ကြီးဟာ ရှေ့နောက် ဘေးယိုင်နေရင်၊ အရိုးအဆစ်တွေ အဆက်ချင်းတည့်တည့်မနေတဲ့အတွက် မကြာခင် နာလာလိမ့်မယ်၊ ။
ဝေဒနာကိုတွေ့ဖို့တားပါဦး၊ သမာဓိကိုရအောင်တောင် မထိုင်နိုင်ဘဲနေမှာစိုးရတယ်၊ခါးအောက်ပိုင်းကလဲ သိပ်တင်းကြပ်ပြီး ခြေထောက်ချင်းဖိမထားရဘူး ၊ ဖိထားခဲ့လို့ရှိရင် သွေးလွတ်ကြော၊ သွေးပြန်ကြောတွေကိုက်ခဲလာမယ်။
ဒီတော့ထိုင်နည်းမ မှန်ရင် ဝေဒနာကို တမင်လုပ်ပြီးယူရာကျမယ်၊ဒီအချက်တွေဟာ တရားထိုင်စ
ယောဂီများအတွက် အရေးကြီးတယ်။ ။
ဝင်လေထွက်လေကို မှန်မှန်ရှူရှိုက်ရမယ်။ သိပ်ပြင်းပြင်းထန်ထန်နဲ့မြန်မြန်ဆန်ဆန် ရှူရှိုက်လိုက်ရှိရင်
ကိုယ့်ကိုယ်ကို ညှင်းဆဲရာကျမယ်။ ။ ။
Wednesday, August 22, 2007
ညီမလေးသိပါစေ
ရုတ်တရက် တစ်ညမှာ voice ခေါ်ပြီး ပြောပါတယ်.....
သူ့အမေဆုံးပါးသွားကြောင်းပြောပြီးငိုပါလေရော....
ကျွန်တော်လည်းချက်ချင်းဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အ သွားခဲ့ရပါတယ်……
ကံဆိုးလေစွညီမလေးရယ်...
ပြီးတော့ သူမကလည်းနိုင်ငံခြားမှာရောက်နေပြီးပြန်ခွင့်မရတဲ့အတွက် ယူကျုံးမရဖြစ်ရကြောင်း.....သူမဘာလုပ်ရမလဲမသိကြောင်း ပြောပြီး ငိုနေပါတယ်....
သူမ ဘ၀ကလည်းကံဆိုးသူများစာရင်းဝင်လောက်အောင်
ဆိုးလွန်းလှပါတယ်......သူမအချစ်ဆုံး အစ်မ က လည်းကွယ်လွန်သွားတာ
မကြာသေးပါဘူး....အခုလည်း.............
ဒီတော့သူမဘယ်လောက်ခံစားနေရမလဲဆိုတာ.....စာဖတ်သူလည်း
နားလည်ပေးနိုင်မှာပါ.......တကယ်ဆိုကွယ်လွန်သွားသူကို
ကျွန်တော်လုံးဝမသိပေမဲ့ညီမလေးကိုစာနာနားလည်ပေးရင်း
အန်တီတစ်ယောက်ဆုံးပါးသွားကလို ခံစားရပါတယ်......
ညီမလေးကိုလည်း
နောင် ဖြစ်လေရာဘ၀တွေမှာ...
ဒီလိုအဖြစ်ဆိုးမျိုးမှကင်းဝေးပါစေလို့.....
ဆုတောင်းပေးရင်း........
ကျွန်တော်ရည်ရွယ်သောညီမလေးအမှတ်မထင် ကျွန်တော့်blogလေးကိုရောက်လာတဲ့အခါ......
ကျွန်တော်လည်းထပ်တူထပ်မျှဝမ်းနည်းကြေကွဲ ရပါကြောင်း.........
သူမ သိမည်ထင်ပါသည်။ ။ ။
ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစွာဖြင့်
ဖြိုးငယ်
အကြွေစောသူများ
နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဒွေး ရုတ်တရက် ကွယ်လွန်သွားပါတယ်ဆိုတဲ့ သတင်းကိုကြားရစဉ်က
ယုံတောင်မယုံချင်ခဲ့ပါဘူး....ဇာတ်လမ်းတစ်ခုကို သရုပ်ဆောင်တာကို ဟာသ အနေနဲ့ ရေးသားခြင်းလို့ ထင်မိပါတယ်...ဒါပေမဲ့
တကယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ အနုပညာပန်းတစ်ပွင့်အကြွေစောလို့ ၀မ်းနည်းမိပါကြောင်း........
ထပ်ပြီးမကြာခင်မှာပဲ....နိုင်ငံကျော် စာရေးဆရာကြီး တာရာမင်းဝေ ရဲ့သတင်းကိုပါထပ်မံကြားသိခဲ့ရပြန်ပါတယ်.....
အရည်အချင်းရှိ အနုပညာရှင်များ ဘာလို့များအကြွေစောနေကြပါသလဲလို့ တွေးမိပါတယ်....သူတို့ရဲ့သရုပ်ဆောင်ပုံတွေ...
အရေးအသားတွေ....အနုပညာပုံရိပ်တွေကို နောက်ထပ်တွေ့မြင်ခံစားခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့တွေးဝင်လာပြန်တော့
နှမြော ၀မ်းနည်းမိပါတယ်....
သူတို့ရဲ့ သတင်းတွေကို ကြားသိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန် သွားကြရတဲ့အတွက်...သေခြင်းတရားရဲ့ အစိုးမရပုံကို သံဝေဂရမိသလို....
အရည်အချင်းရှိအနုပညာရှင်များ စောစောစီးစီးအကြွေစောသွားကြတဲ့ အတွက် သူတို့မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း ...................................
ထပ်တူထပ်မျှဝမ်းနည်းကြေကွဲစွာဖြင့်
ဖြိုးငယ်

မင်းအကြောင်းအိမ်မက်
မနက်ဖြန်တစ်ရက်ဆက်ဦးမယ်
ခပ်မှန်မှန်မောင်းနေတဲ့ရထား
ငါတစ်ယောက်တည်းလားကွာ........
လျှောက်လဲစရာမရရှိပါဘူး
သခင်ရင်ကိုမြင်အောင်ကြည့်လှည့်ပေါ့
ရင်ထဲက ..... မီး
ဖြိုးငယ်

Tuesday, August 21, 2007
ခွင့်လွတ်ခြင်း
စမ်းရေထဲမျှောလိုက်တာ
အလွမ်းတွေမဟုတ်ပါဘူး .......
အခုတော့
ဝေးတစ်မြေခြားမှာ
အတွေးတွေကြားထဲ
ဆွေးနေရပြီလေ.......
အလွမ်းတွေလား...
အနမ်းတွေလား...
စမ်းရေလား...
ပန်းတွေလား...
ငါ့ကိုယ်ငါတောင်ဘာမှန်းမသိ
လာနမ်းကြည့်တဲ့
လေပြေရို့ရို့နဲ့
သစ်ရွက်တစ်ချို့
အပြစ်မဲ့လို့...ငါ
ခွင့်လွတ်ထားလိုက်ပါပြီ........
ဖြိုးငယ်
မော်စကိုရဲ့ရှုခင်းတစ်ချို့
ဒီအခန်းလေးကိုတော့ ရုရှားနိုင်ငံ မော်စကိုမြို့ကို
မရောက်ဖူးသူများအတွက်အထူးရည်ရွယ်ပြီးတင်ပြထားတာပါ....
မော်စကိုမြို့ ကိုမရောက်ဖူးသည့်တိုင်အောင်.....
ရောက်နေသည့်အလားခံစားနိုင်အောင်
ကြိုးစားတင်ပြထားပါတယ်....
အကယ်၍ လိုအပ်ချက်များ ရှိလျှင်လည်း
ဖြည့်စွက်နားလည်ပေးစေလိုပါတယ်.....အခြေအနေအရ
အနည်းငယ်သာ ဖော်ပြနိုင်တာကို ခွင့်လွတ်ပေးစေလိုပါတယ်......
ကဲ........မော်စကိုမြို့ထဲကို စတင်လည်ပတ်ကြပါစို့.................
အားလုံးကိုကြိုဆိုပါတယ်.......
Monday, August 20, 2007
မော်စကိုညလွမ်းခြင်း
ချမ်းအေးနေတဲ့မော်စကိုညရယ်....
အလှမ်းဝေးနေရတဲ့
ို့ငါတို့ဘ၀တွေကိုစာနာပါဦးကွာ.....
ဆောင်းနှင်းက...အေး
ချစ်သူနဲ့.....ဝေး
ငါထိုင်ရင်း...ဆွေး
မင်းလေးရောလွမ်းနေလား ????
ဖြိုးငယ်
သိတဲ့လူ
ပန်းတွေအဖြစ်နဲ့ပေါ့
လွမ်းနေတာမင်းမသိဘူး
လမ်းတွေမှာမင်းမရှိဘူး
နမ်းနေတာမင်းမသိဘူး
သိတဲ့သူလူတစ်ယောက်
ကိုယ်ရှေ့မှာရောက်နေရဲ့
မင်းကိုယ်စားအချစ်တွေပေးတဲ့
မင်းကိုယ်ပွားဓါတ်ပုံလေးပေါ့.......
ဖြိုးငယ်
ကျွန်တော်ကြိုက်သော ကျွန်တော့်သူငယ်ချင်းများ၏ကဗျာများ









On your birthday,
I wish for you the fulfillment
of all your fondest dreams.
I hope that for every candle
on your cake
you get a wonderful surprise.
I wish for you that
whatever you want most in life,
it comes to you,
just the way you imagined it,
or better.
I hope you get as much pleasure
from our friendship as I do.
I wish we were sisters,
so I could have known you
from the beginning.
I look forward to
enjoying our friendship
for many more of your birthdays.
I'm so glad you were born,
because you brighten my life
and fill it with joy.
Happy Birthday!
Who is she?
She gives me a life to live,
She teaches me how to fly,
She gives me power to stand on the earth,
She shows me the best way for me,
She uses to tell to do the good thing and,
Not to do bad things,
When I get successful, she uses to happy,
By looking my face with smiles,
When I cry, she tries to pour my tears out,
And she tried me to be happy,
There is no thing to compare with her,
How can I express how deep her love upon me,
Every time she worries about me,
Every time she misses me,
Although she try to know my sorrow and,
Try to throw away from my heart,
She never tell me her sorrow,
Because she don’t want me to be hot,
When everybody will hate me,
I am sure that she will be still love me forever more,
She will be still love even the earth is destroyed,
She will never luck her love out upon me,
For me, I still need her and,
Want to get her love much more,
Let’s think, “Am I greedy?”
Yeah……I am greedy…..because she is the one,
Whom I love forever more,
“Had you ever find such a woman?”
So “Can you guess who she is?”
Wishing her to live a thousand years,
Thint Htoo Shwe.
Sunday, August 19, 2007
အမှာစာ
ကျွန်တော့် ကဗျာလေးများကို ဖတ်ရင်း သောကများပျောက်ပြီး
ပျော်ရွှင်ခြင်းများကို ပိုင်ဆိုင်နိုင်ကြပါစေ...........
လိုအပ်ချက်များရှိခဲ့လျှင်လည်း နားလည်ခွင့်လွတ်ပေးကြပါ....
ဝေဖန်အကြံပေးစရာများရှိက Cbox တွင်ရေးသွင်းအကြံပြုစေလိုပါတယ်......
အာလုံးကိုကျေးဇူးတင်လျှက်
ဖြိုးငယ်
ကျွန်တော်ပြောသော ကျွန်တော့်အကြောင်း
လူတစ်ယောက်ပေါ့ဗျာ.... ဒီ blog လေးဖြစ်လာရတဲ့ အကြောင်းအရင်းလေးကလည်း
ဒီ ကဗျာလေးတွေကြောင့်လို့လည်း ပြောလို့ရတာပေါ့လေ.....
လူတိုင်းမှာ ခံစားချက် ဆိုတာရှိကြစမြဲပဲလေ.....ကဗျာဆိုတာလည်းခံစားချက်ပါပဲလေ....
တစ်ချို့ကပြောကြသေးတယ်....အချစ်ဆိုတာကိုတွေ့ရှိလာပြီဆိုရင် ကဗျာဆိုတာ ဖြစ်လာရောတဲ့.....
ကဲ....ဒါဆို....အချစ်မရှိရင် ကဗျာကိုလည်းမသိတော့ဘူးပေါ့...ကဗျာလည်းမရှိတော့ဘူးပေါ့.......
ကျွန်တော်ကတော့ အဲလို မထင်ပါဘူး..မယူဆပါဘူးဗျာ....ဘာလို့လဲဆိုတော့....ကျွန်တော့်ဘ၀မှာ
အချစ်ဆိုတာ ဘာမှန်း မသိသေး....မရှိသေးခင်တည်းက ကဗျာဆိုတာ ကျွန်တော့်ရင်ထဲမှာ ပွင့်ဖူး
လာတဲ့ ပန်းလေးတစ်ပွင့်ပေါ့ဗျာ.....