Thursday, January 3, 2008

ဒုက္ခဆိုတဲ့ကောင်



ဘ၀ရထားကတစ်ဖြည်းဖြည်းခုတ်မောင်းလာခဲ့တာ
ချောက်ကမ်းပါးနားရောက်တဲ့အခါလည်း အသင်္ချေပါပဲ
အကြောက်တရားတွေကို ခ၀ါချ
ယောင်္ကျားတစ်ယောက်ရဲ့ မာန နဲ့
လောကဓံ ကို ဒူးနဲ့တိုက်
ငါ မိုက်လိုက်တာလေ.....
ပြန်ရလိုက်တဲ့အရာတွေက ဒုက္ခဆိုလားပဲ....

ထားလိုက်စမ်းပါ..
မင်းနဲ့ငါ ဘော်ဒါတွေပဲ
တော်ရာမှာနေလိုက်တဲ့အခါ
မင်းကလည်း အလိုက်အထိုက်ပါပဲ
လက်ဆွဲတောင်နှုတ်ဆက်လိုက်သေးတယ်.....

သံသရာဆိုတာလည်နေသ၍
ငါ့တို့ လူသားတွေ မင်းနဲ့ တွေ့ရဦးမယ်ပေါ့
ကံကြမ္မာရဲ့ သီချင်းမှာလည်း
မင်း သံစဉ်တွေပါမှာပဲ
ကံကြမ္မာရဲ့ ကဗျာမှာလည်း
မင်းဆိုတဲ့ ကာရန်ပါမှာပဲ
မင်းက ကံကြမ္မာရဲ့ သံတမန်လေ.....

ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template