Tuesday, January 29, 2008

နောင်တဇာတ်လမ်း တစ်ဖတ်ကမ်းအလွန်



ခပ်ထေထေညမှာပေါ့
မျက်ဖြေလင်္ကာလေးနှလုံးသွင်း
အမုန်းစာရင်းထဲက ဖယ်ထုတ်
အသွေးအသားထဲ တွယ်စုပ်နေတဲ့
ဝေဒနာကြွေရုပ်တွေ....
ဒဏ်ရာပေါ် ဒဏ်ရာဆင့်နေတော့
ငါ့ရင်တွေပွင့်နေရပြီ......


တီတီတာတာစကားတွေနဲ့

ညီညီညာညာလှည့်စားခဲ့ခြင်းကိုမှ
အကြင်နာတံတားလို့ထင်ခဲ့တဲ့ငါ
ရင်ခွင်မှာ ဒဏ်ရာတွေထားသွားမှ
အသည်းစားနဂါးမှန်း သိလိုက်ရတယ်...

မမုန်းရက်ပါဘူး
သုံးသပ်ကြည့်လိုက်တော့လည်း
ငါပဲမှားတယ်ပေါ့
ယုံတမ်းစကားတွေယုံ
ရင်တွေခုန်ခဲ့တာကို
မာယာတွေပုံထားမှန်း
ငါတကယ်တမ်းမသိခဲ့ဘူးလေ.....


ရူးမိုက်စွာ ခူးလိုက်တဲ့ငါ
အဲဒီပန်းဟာ အဆိပ်ဖျန်းထားမှန်း
နှလုံးသား မျက်ကန်းတော့မှသိရတယ်
မရှက်တမ်းပြောရရင်
တစ်ပတ်နွမ်းသွားတော့မှ
ဝေဒနာလမ်းပေါ်ရပ်
အကြင်နာတစ်စက်ကို
ရင်မှာထပ်တမ်းတမိတယ် မီးငယ်ရယ်....


ဖြိုးငယ်

1 comments:

Sophie on February 1, 2008 at 4:55 AM said...

အော်..............မီးငယ်တဲ့လား။

အစ်ကိုရေ..ကံကောင်းပါစေနော်။ အစ်ကိုက ကဗျာရေးတာ သိပ်ကောင်းတယ်နော်. ရတနာ့ကို သင်ပေးပါဦး။ ကာရန်တွေကို အများကြီး မယူတတ်လို့ပါ

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template