Saturday, January 12, 2008

လက်ရှိကမ္ဘာနဲ့ မစာနာတဲ့လောက


စာပန်းချီသီကုံး
လုံးနေတဲ့ကမ္ဘာရဲ့တစ်ဖက်မှာ
အပြုံးမပါတဲ့ကဗျာတွေ စားသုံး
အားလုံးပြောကြတဲ့စကား
လောကဟာမတရားဘူးတဲ့…

ေ၀၀ါးနေတဲ့အနာဂါတ်တစ်ချို့
မခို့တရို့ပြုံးပြတယ်
အဆုံးသတ်က ဘာလဲ
ဒါပဲတွေးနေလည်း
အဖြေက ပျောက်နေဆဲ….

ရောက်နေတဲ့နေရာမှာလည်းမပျော်
တော်ရာဆိုတာကိုလည်းမုန်း
လူတွေစားသုံနေတဲ့စကားလုံးတွေကလည်း
ဒီအသုံးအနှုံးထဲ ကမထွက်ဘူးလေ

လတ်တလောတော့ပြုံးလိုက်ရတယ်
ရင်ထဲက ဘယ်ပါမလဲ
စာနာကြည့်ရင်သိနိုင်ရဲ့
အခု လာကြည့်လှည့်ဦး….


ဖြိုးငယ်

0 comments:

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template