Sunday, January 6, 2008

နိယာမတွေကြားက လူ


အချစ်က ပူတယ်
ရမ္မက်က ခါးတယ်
လိုချင်မှုက များတယ်
အချစ်ဖျားကတော့ ၁၀၈
ဘ၀သစ်မှာ လက်တွဲချင်တာက သူ
ရှာယူနေတာက ဝေဒနာ
သေချာတာက နထ္တိ
ရပ်ကြည့်နေရတာက ဒုက္ခတရား
မုတ်ချတားတာက အသိဥာဏ်
သတိမှန်အောင် အားထုတ်
ပျားတုပ်တာက ကံကြမ္မာ
ဒဏ်ရာတွေက အလဲထိုး
တိုးတိုးလေးညီးမိတာက အကြင်နာ
ပေတရာပေါ် လျှောက်နေတာ လမင်း
ကြယ်စင်တွေခင်းတဲ့သတင်းမှာ
ရင်ခုန်တမ်းတခြင်းက
နွေလယ်ရဲ့ ညခင်း....

ဖြိုးငယ်

1 comments:

သဇင်ဏီ on January 7, 2008 at 12:37 AM said...

အချစ်ဖျား၁၀၈ဆို၇င်တော့
တော်တော်တက်နေပီနော်...
ရောဂါ.. ရောဂါ :P

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template