Saturday, February 16, 2008

ကျွန်တော်နှင့်အသဲနှလုံးလေးများ ( 2 )


ဒေါက်...ဒေါက်....ဒေါက်
ကျွန်တော် ။ ။ ဘယ်သူလဲဟ....
အသဲနှလုံးလေးများ ။ ။ ကျွန်တော်တို့ပါ အကို...
ကျွန်တော် ။ ။ အေး..၀င်လာခဲ့ကွာ....
အသဲနှလုံးလေးများ အခန်းထဲဝင်လာမှ ကျွန်တော် ပြန်လည်သတိရမိသည်။
ကျွန်တော်နှင့် တစ်ခါ လာစကားပြောသော အသဲနှလုံးလေးများ ဖြစ်နေသည်။
အသဲနှလုံးလေးများ ။ ။ အကို ....အိပ်တော့မလို့လား....
ကျွန်တော် ။ ။ အေး..စောစောကတော့ ပျင်းတာနဲ့ အိပ်တော့မလို့ကွ...
အသဲနှလုံးလေးများ ။ ။ ဟာ..အနှောက်အယှက်ဖြစ်သွားပြီလားအကို
ကျွန်တော် ။ ။ ရပါတယ်ကွာ..ငါလည်းပျင်းနေတာ..မင်းတို့တောင် ငါ့ဆီမရောက်တာကြာပြီနော်
အသဲနှလုံးလေးများ ။ ။ ဟုတ်တယ်အကို..ကျွန်တော်တို့မအားလို့ပါ...
Valentine နဲ့ဆိုတော့နည်းနည်း အလုပ်ရှုပ်နေတာ...
ကျွန်တော် ။ ။ သြော်..အင်း ..ဟုတ်မှာပေါ့...ဒါနဲ့ ဆိုပါဦး...ဒီနေ့ ဘာကိစ္စ
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့ ..ကျွန်တော်တို့ အကိုကိုပြောစရာရှိလို့...ဒီနေ့လာတာ ကျွန်တော်တို့
နှစ်ဖွဲ့ကွဲနေတယ်....
ကျွန်တော် ။ ။ ဘယ်လို.....ဆက်ပြောပါဦး...
အသဲနှလုံးလေးများ ။ ။ ဒီလိုပါအကို....ပြီးခဲ့တဲ့ Valentine နေ့ ကဖြစ်ကြတာပေါ့..ကျွန်တော်တို့
တော်တော် များများ ရဲ့ သခင်တွေက Valentine နဲ့ ပတ်သတ်ပြီး.....
အလေးထားကြတယ်...အကျုံးဝင်ကြတယ်လေ.....
ကျွန်တော် ။ ။ ဟုတ်တာပေါ့..ဘယ်သူပဲ ဖြစ်ဖြစ် အလေးထားတာပေါ့...
အသဲနှလုံးလေးများ ။ ။ ဟုတ်တယ်အကို....ဒါပေမဲ့ ကျွန်တော်တို့ပြောချင်တာက ချစ်တက်သူတွေ...
ချစ်သူတွေ အတွက် ချစ်သူများနေ့ ဆိုတာရှိပြီး...အသဲကွဲသူများ အတွက်
ဘာလို့ အသဲကွဲသူများနေ့ မရှိတာလဲလို့ စဉ်းစားမိတယ်....
ကျွန်တော် ။ ။ ဘယ်လို..ဘယ်လို... အသဲကွဲသူများနေ့ ဟုတ်လား
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါတယ်အကို...
အသဲနှလုံးလေး တစ်ချို့တစ်ဝက် ထွက်လာပြီး
အသဲနှလုံးလေးများ ။ ။ ဟုတ်ပါတယ်အကို... ဒီလိုပါ..ကျွန်တော်တို့ရဲ့ သခင်တွေဆို ချစ်သူက ရက်စက်
သွားလို့ အသဲကွဲ နေကြသူတွေပါ.... ကျွန်တော်တို့ သခင်တွေက ဒီ ချစ်သူများနေ့
နဲ့ မသက်ဆိုင် သလို ဖြစ်နေပါတယ်....အဲဒါ ကျွန်တော်တို့ လည်းခံစားရပါတယ်..
အဲဒီတော့ ကျွန်တော်တို့နဲ့သက်ဆိုင်မဲ့ အပြည်ပြည်ဆိုင်ရာအသဲကွဲနေ့ လည်း
ရှိသင့်တယ်လို့ထင်ပါတယ်...
ကျွန်တော် ။ ။ အင်း..မင်းတို့ပြောမှ ငါတောင်နည်းနည်း စဉ်းစားရခက်သွားတယ်...
အသဲနှလုံးလေးများ ။ ။ ဟုတ် အကို..အဲဒါ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိလို့ ..အကိုကိုအကူအညီ
လာတောင်းတာပါ....
ကျွန်တော် ။ ။ အမ်..အေး..အဲဒါတော့ ငါလည်း မပြောတက်သေးဘူး..ဒါပေမဲ့ ငါ့မှာသူငယ်ချင်းတွေ အများကြီး
ရှိပါတယ်..ငါမေးပေးမယ်..ပြီးတော့ မင်းတို့ပြောသလို အပြည်ပြည်ဆိုင်ရာ အသဲကွဲနေ့
လုပ်ပေးလို့ရမလား...သဘောတူကြလားဆိုတာမေးပေးထားမယ်ကွာ......
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့ အကို...ကျေးဇူးတင်ပါတယ်....အဲဒါဆိုရင်ကျွန်တော်တို့ ပြန်တော့မယ်အကို
ကျွန်တော် ။ ။ အေး..အေး..နောက်ကိစ္စ ရှိလည်း လာပြောပေါ့ကွာ...
အသဲနှလုံးလေးများ ။ ။ ဟုတ်ကဲ့အကို...ကျွန်တော်တို့သွားတော့မယ် အကို
ကျွန်တော် ။ ။ အေး..အေး...
အသဲနှလုံးလေးများ ထွက်သွားကြသည်။ တံခါးပြန်ပိတ်သွားသံကြားလိုက်ရသည်။
ကျွီ......ဒုန်း

ဟဲ့..ပလုပ်တုပ်.....အသဲနှလုံးလေးတွေရော....
ဟာ..မဟုတ်ပါဘူး....ငါပျင်းလို့အိပ်ရင်းနဲ့ အိပ်မက်မက်နေတာပါလား....အင်း ဒါပေမဲ့ အသဲနှလုံးလေးတွေ
ပြောသွားတာဟုတ်တယ်...မထူးပါဘူး...အားလုံးကိုမေးကြည့်တာကောင်းတယ်....ကဲ ..သူငယ်ချင်းတို့ရေ
ကျွန်တော့်ကို အကြံပေးကြပါဦးဗျာ....

ဖြိုးငယ်

6 comments:

ညိမ်းညို on February 16, 2008 at 9:47 AM said...

သူငယ်ချင်းရေ အပိုင်း(၁) မှာတည်းက ငါသဘောကျနေတာကွ။ အတွေးဆန်းဆန်းလေးနဲ့ ဖတ်လို့ကောင်းပကွာ။ နောက်အပိုင်းတွေကိုလည်း ဆက်ရေးပါဦးသူငယ်ချင်းရေ ပျော်ရွှင်ပါစေ :)

ယုန်ကလေး on February 17, 2008 at 3:56 AM said...

ယုန်ကလေးကတော့ အကြံမပေးတတ်ဘူးနော် အသဲကွဲတဲံ နေရှိချင်လိုလား။

Anonymous said...

ဘယ်လိုအကြံပေးရမလဲ.. ကောင်မလေးဆီမှာတော့ သီချင်းတစ်ပုဒ်ရှိတယ်။ ~~~~အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ကို ကျေးဇူးပြု၍သတ်မှတ်ပေးပါ~~~~ တဲ့.. သူ့စာသားလေ.. နားထောင်ချင်ရင်ပေးမယ်နော်.. :)

တင့်ထူးရွှေ on February 18, 2008 at 12:28 PM said...

ဘယ်လို ဘယ်လို အသဲကွဲသူများနေ့
အဆန်းကြီးတွေ လုပ်တယ်နော် :P

Moe Wai on February 18, 2008 at 7:46 PM said...

ဒါလည်း တစ်မျိုးမှန်နေသလိုပါပဲ.. အသဲကွဲနေ့တဲ့...

ဘယ်သူ အကြီးမှားဆုံး ပေးဆပ် အသဲကွဲခဲ့ရဖူးလဲလို့ စာရင်းပြုစုလိုက်.. ပြီးရင် အဲဒီထဲက တစ်ရက်ကို မဲဆန္ဒနဲ့အတူ အတည်ပြုပေးလိုက်ပေါ့.. ငှဲငှဲ

myo myo on February 26, 2008 at 7:13 AM said...

မျိုး

အင်း...စဉ်းစားကြည့်လိုက်တော့
တကယ်ရှိသင့်တဲ့နေ့ပါပဲ..။
ဘယ် " လ " ဖြစ်မလဲဟင်..????

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template