တစ်ညလုံးမျှော်ပါရက်နဲ့
သူမ ပေါ်မလာဘူး..
ဘယ်မှာပျော်နေလဲ ဗီးနပ်ရေ...
လမင်းတောင် မင်းကိုကြိုနေလေရဲ့.....
လိုနေတဲ့ နေရာတစ်ခု
ဘာတွေနဲ့ ခုခံ အစားထိုးမလဲ
မိုးမသည်းပဲ ပျိုးကျဲချင်သူပါ.....
မထောက်ညှာတော့ဘူးလား
လျှောက်လွှာမပါတဲ့ သံယောဇဉ်ပါ..
ဘယ်သူတွေလွန်းတင်ခဲ့လို့လဲ
ဒီကျွန်းသခင်မကို ဒီညမတွေ့ရပါလား....
ဟော .. ဟော ပြောပြောဆိုဆိုနဲ့
အရှေ့ရိုးမမှာနှင်းတွေခပြီ
သူယောင်မယ်ကပျောက်နေဆဲ....
ဖြိုးငယ်
5 comments:
This is very touching.., But somehow i can imagine she will come back to you no matter where she went!!
I can imagine she can hear your heart beat as your poem spirit is very moving and lively..,
Nice one. Loving it....
သူယောင်မယ်ပျောက်တဲ့ညမှာ....
ဘာတဲ့လျှောက်လွှာပါဘူးလားဝေ...
ဒီညမတွေ့ဝူးဆိုတော့က....:P
မိုးမသည်းဘဲ ပျိုးကျဲချင်သူပါ...
ဘယ်သူတွေလွန်းတင်ခဲ့လို့လဲ..
ဒီကျွန်းသခင်မကို ဒီညမတွေ့ရပါလား...
မိုက်တယ်ဗျာ.. အပဲာ...
ကာရန်ယူသွားတာ မိုက်တယ်.။
သူယောင်မယ်ကို ငါ့အခန်းထဲ ခေါ်ထားတာလေ။ မင်းဘယ်တွေ့မှာလဲ ငှဲ ငှဲ ငှဲ
Post a Comment