မသိလိုက်မိဘူး
အမှတ်မဲ့ချည်မိတဲ့ကြိုး
ရင်ခွင်ကိုဖြည်းဖြည်းတိုးလာမှ
မိုးရွာနေမှန်းသိရတယ်....
သူမသိပေမဲ့
မျှော်မိတဲ့စိတ်အစုံက
ရင်ခုန်သံနောက်ခြေရာကောက်
သေချာသလောက်ရှိနေပြီ.....
လာတောက်တဲ့မီးက
ဘာကြောင့်များမပူရသလဲ
မဟူရာညထဲမှာ
သူ မပါရင် မရတော့ဘူးလား……
လေတိုင်းတိုင်းခုန်ရမှာသနားလို့
ငါ့နှလုံးသားကို သိမ်းထားတာတောင်
ငါ့စိတ်ကိုထိန်းမထားနိုင်ဘူး
သူမရဲ့ ယိမ်းအကမှာ
ကျွန်တော့်ညလေးရူးတော့မယ်…
မဖြစ်သင့်တာကို မတွေးချင်းဘူး
အချစ်စစ်ကိုပဲ ရွေးချင်တယ်
တစ်လှစ်လှစ် ဖြစ်ကျန်ရမှာကို မလိုလားလို့
အသစ်သစ်ကိုလည်း မဖန်တီးချင်တော့ဘူး…..
ဒါပေမဲ့ …..
ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဒါန်း
ဖေဖော်ဝါရီ မှတ်တမ်းထဲမှာ မော်ကွန်းတင်တော့မယ်
အရှေ့ယွန်းယွန်းက နေမထွက်ခင်
ကျွန်တော့်နှလုံးသားလေး တစ်ချက်အိပ်ခွင့်ပြုပါ……
ဖြိုးငယ်
6 comments:
လေပြင်းတချက်ရဲ့ နိဒါန်း...
ဇာတ်လမ်းတစ်ပုဒ်ရဲ့ နိဒါန်း
ဖေဖော်ဝါရီ မှတ်တမ်းထဲမှာ မော်ကွန်းတင်တော့မယ်
အရှေ့ယွန်းယွန်းက နေမထွက်ခင်
ကျွန်တော့်နှလုံးသားလေး တစ်ချက်အိပ်ခွင့်ပြုပါတဲ့လားနော်...
ခွင့်တောင်းနေတာလားသူမလေးဆီက...
ခွင့်ရပါစေနော် သယ်ရင်းရေ...:P
Sayar..,
To be frank.., I normally do not very much into the poem before. But since i read your Mum's Poem i came here often and enjoy with what u do...,
The person who you dedicated in your poem i can feel she is lucky girl on earth that she can get your attention who talented with kind heart and warm.
The words you used here was very tender and exquisitely stunning.
Welldone. Keep up the great job!!!
အိပ်တော့မလို့လား..
လိုချင်တဲ့အချစ်စစ်ကို ရပါစေနော်. :)
လေတိုင်းတိုင်းခုန်ရမှာသနားလို့
ငါ့နှလုံးသားကို သိမ်းထားတာတောင်
ငါ့စိတ်ကိုထိန်းမထားနိုင်ဘူး
သူမရဲ့ ယိမ်းအကမှာ
ကျွန်တော့်ညလေးရူးတော့မယ်…
ကောင်းလိုက်တဲ့ ကဗျာ ...
ဒီကဗျာတွေ ဘယ်ကထွက် .....
သူ့ရင်ထဲကထွက် ....
Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com
စိုင်းစိုင်းကို အားကျလို့ ဖေဖော်ဝါရီမှတ်တမ်းမှာ မော်ကွန်း တင်တော့မယ်ပေါ့လေ။ အချစ်စစ်နဲ့ တွေ့ပါစေ သယ်ရင်းရေ..
Post a Comment