Friday, February 8, 2008

မင်းပျော်ပါစေ တင့်ထူးရွှေ


သူငယ်ချင်းရေ...

နှစ်တစ်နှစ်ပြောင်းတာ မထူးဆန်းပေမဲ့

ဘ၀ကိုခြေတစ်လှမ်း ထပ်လှမ်းတဲ့

ဒီနေ့မှတ်တမ်းကိုတော့

မင်းနှလုံသားရဲ့ကျမ်းမှာ

အမြဲတမ်းတ သာယာလှပနေပါစေကွာ....

ငါ့တို့အမြဲနင်းတဲ့

ကဗျာတွေခင်းတဲ့လမ်းမှာ

အောင်မြင်မှုပန်းတွေ ထွေးပိုက်

မင်းတစ်ရေးအိပ်လိုက်တိုင်း

နှိုင်းမရတဲ့ ပျော်ရွှင်မှုတွေ

မင်းရင်မှာစုပါစေကွာ........

စိန်စီသောမင်းလက်နဲ့

တိမ်ထပ်တွေအထိ

မင်းကဗျာတွေပက်လိုက်စမ်းပါ

အားလုံးရဲ့လက်တွေ

မင်းရင်မှာနှုတ်ဆက်နမ်းလိမ့်မယ်...

လေတစ်ချက်ရှိုက်ရှုတိုင်း

(ကမ္ဘာမြေအတွက်) အကောင်းဆုံးလူဟာ

တင့်ထူးရွှေ ဖြစ်ပါစေကွာ....

မုသားမပါတဲ့တောင်းဆု

ငါ့ရင်မှာပြုလိုက်တယ်

မင်းအခုပျော်ပါစေ

နောက်ဘ၀တွေအထိပေါ့....

ချစ်သူကိုလက်တွဲ

ဘ၀ဆိုတာပွဲမှာ

အချက်ပိုင်ပိုင်နဲ့

မင်းအမြဲနိုင်ပါစေကွာ

မင်းဝင်သက်ခိုင်သ၍ပေါ့.....


ဖြိုးငယ်

သူငယ်ချင်းရေ....မင်းမွေးနေ့မှာသူများတွေလို ကိတ်တွေမဖုတ်ပေး..မကျွေးပေးနိုင်ပေမဲ့
ငါရေးပေးတဲ့ကဗျာလေးနဲ့ ကျေနပ်ပေးပါကွာ....သိပ်မကောင်းပေမဲ့ ရင်ထဲကဆုတောင်းပါ....
မင်းရဲ့ ၂၃ နှစ်မြောက်မွေးနေ့မှစ၍ နောက်နှစ်ပေါင်းများစွာမှာ ရည်မှန်းချက်ပန်းတိုင်ကို
လှမ်းကိုင်နိုင်ပြီး....ချစ်သောသူနှင့် ရွှေလက်တွဲ ပျော်ပွဲဆင်နိုင်ပါစေကွာ.....

4 comments:

Anonymous said...

Happy birthday တင့်ထူးရွှေ!
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေနော်...
မွေးနေ့မှသည် နှောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ပါစေ...

မျှားပြာ on February 9, 2008 at 5:57 AM said...

ချစ်နယ်ရေ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။

Anonymous said...

Happy birthday တင့်ထူးရွှေ!
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေနော်...
အစောကြီးတည်းက လာဆုတောင်းပေးတာ...
အဟဲ အရမ်းကောင်းတဲ့ ကိုးနက်ရှင်ကြောင့်
ခံစားချက်များဖြစ် သွားပါကြောင်း...:)

ကြယ်စင်နတ်သမီး on February 9, 2008 at 3:51 PM said...

ပျော်ရွှင်သောမှေးနေ့လေးကို ပိုင်တိုင်နိုင်ပါစေ တင့်ထူးရွှေရေ...

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template