Wednesday, February 13, 2008

ယောက်ဖအတွက် ဆုတောင်းလွာ



အလွမ်းတွေကိုသုခအဖြစ်မျိုချ

လွမ်းသုခ ဆိုတဲ့ယောက်ဖရေ.....

ကမ္ဘာမြေပေါ်ခြေချတာ

၂၃ ဆိုတဲ့ ၀ါ ကိုရတဲ့ဒီနေ့

မင်းတွေ့နေတဲ့ဘ၀မှာ

အပျော်တွေထွေးပိုက်နိုင်ပါစေ.......


အမှောင်တိုက်ထဲကရုန်းထွက်

တရစပ်တိုက်ခက်တဲ့ လောကဓံကို

ဇွဲနဲ့မာန်နဲ့ ခုခံ

ကြမ္မာကောင်းတွေဖန်လာအောင်

မင်းလက်နဲ့ကြိုးပမ်း

မင်းလည်း ပင်ပန်းနေရောပေါ့.....


အလွမ်းတစ်ဖက် ဒုက္ခတစ်ဖက်

ငါတို့တက်နေရတဲ့ဘ၀တွေက ယိုင်နဲ့နဲ့

ချိုသဲ့သဲ့သံစဉ်တွေရဖို့

မျှော်နေတဲ့ အနာဂတ်တွေအတွက်

မင်းထပ်အားစိုက်ပါ…..


လွမ်းငွေ့တွေပိုက်

လွမ်းလိုက်ရတဲ့ ချစ်သူကို

မင်းဘယ်လက်နဲ့ယူပြီး

လောကအတွက် မင်းတက်သမျှ

ညာလက်ကဖြည့်စွမ်းပါ…..


ခြေတစ်ဖက်လှမ်းတိုင်း

မင်းကိုထမ်းထားတဲ့မြေအတွက်

မင်းလက်တွေ့ဖြန့်ကျက်

အတောင်ပံတွေတပ်ပြီး

ကဗျာတွေလည်းစပ်ပါ……


နောက်တစ်ခါလာမဲ့

ဖေဖော်ဝါရီ ၁၃ မှာ

ဒီတစ်ခါထက်ပျော်ပွဲဆက်

မင်းဆုံချက်တွေကို

မင်းထပ်နိုင်ပါစေ……


အနာဂတ်ဟာ မင်းလက်ထဲက

အမြဲတင့်တဲ့ ရွှေရောင်ပန်းတစ်ပွင့်ဖြစ်ပါစေကွာ…..



ဖြိုးငယ်


ဒီနေ့ဟာ ဗိုလ်ချုပ်မွေးနေ့ဖြစ်သလို ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း (ယောက်ဖကြီး ) လွမ်းသုခရဲ့မွေးနေ့လည်းဖြစ်ပါတယ်...အဲဒီအတွက် ယောက်ဖရေ.... မင်းမွေးနေ့မှာ

မင်းဆီကိုမလာနိုင်လို့ အဝေးကနေပဲကဗျာလေးနဲ့ ဆုတောင်းပေးလိုက်တယ်နော်...

1 comments:

ein on March 7, 2008 at 1:27 AM said...

သယ်ရင်းတွက်ရေးပေးတဲ့ဆုတောင်းလွှာ ကဗျာလေးကောင်းတယ်ဝေးးးး

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template