Thursday, February 14, 2008

ဗယ်လင်တိုင်းကလပ် နဲ့ ဒဏ်ရာရ ကစားသမား


ချစ်သူများဖလားအတွက်
ဗယ်လင်တိုင်းကလပ်ဟာ
ငါတို့ကို အရန်ခုံမှာထားခဲ့တယ်
လိုင်းနက်ထဲပါခွင့်မရဘူး.....

ကံကြမ္မာနည်းပြက
ဒဏ်ရာရ ငါတို့ကို
ထည့်ကစားဖို့မစဉ်းစားဘူး
အပြင်မှာပဲထားတယ်......

ဝါ မရှိတာလား
သဘာ မရှိတာလား
ဗယ်လင်တိုင်းရဲ့ပွဲတိုင်း
အရန်ခုံကိုသာ လှမ်းခဲ့ရတယ်.....

နည်းပညာတွေကို
ဘယ်ဆရာတွေဆီက ယူရမှာလဲ..
ငါလဲပါချင်တာပေါ့
တစ်နေ့နေ့တော့လေ
အားရအောင်ကစားဖို့
ဇွဲမလျှော့ဖူး စောင့်မယ်....

လိမ် ခေါက် လှည့် ပတ်
ခြေစွမ်းထက်ထက်နဲ့
ဗယ်လင်တိုင်းအတွက်ကြိုးပမ်းချင်သော်လည်း
ဝေဒနာဒဏ်ရာတွေနဲ့
ပညာ သဘာတွေမရှိသေးတယ်တာကြောင့်
အရန်ခုံမှာစံမြန်းလိုက်ဦးမယ်ဗျာ....

ဖြိုးငယ်



1 comments:

ein on February 27, 2008 at 7:36 PM said...

သယ်ရင်းရေ နင်က တော့အရန်ခုံမှာစံမြန်းလိုက်ဦးမယ် ပေါ့ လေ ဟိဟိ...:D
တစ်နေ့နေ့တော့လေ
အားရအောင်ကစားဖို့
ဇွဲမလျှော့ဖူး စောင့်မယ်....
ဒီထဲမှာ တော့
ငါလဲသယ်ရင်းလိုပဲ ဝေးးးးးး

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template