Thursday, February 28, 2008

ကျွန်တော်သေဆုံးခဲ့တဲ့ နေ့



တုန်ရီနေတဲ့ လက်တွေနဲ့
ခုန်နေတဲ့ရင်ကိုဖိ
သူမကို တစ်ချက်ကြည့်လိုက်တိုင်း
မထိတထိ အပြုံးတွေကြောင့်
ရင်တခုလုံး နူံးခဲ့ဖူးတယ်....


ဆည်းလည်းလိုမဟုတ်ပါပဲ
တွဲလဲခိုနေတဲ့
သူမရဲ့ ရယ်သံချိုချိုကြားမှ
ဥသြ ကို ငါ သနားမိတယ်....


အဲဒီနေ့ပေါ့.....
သူမကို ငါ့နှလုံးသားနဲ့ ယဇ်ပူဇော်ဖို့
သွေးသားတွေက တောင်းဆိုကြတယ်....


တောင်စွယ်တောင် နေမကွယ်သေးဘူး
ဒေ၀ီမရဲ့ မှော်အလှမှာ
သုညဖြစ်နေတဲ့ နှလုံးသားကိုစတေး
တိတ်တိတ်လေး ကျွန်တော် သေဆုံးခဲ့ရတယ်....


ဖြိုးငယ်

9 comments:

soemyanandarthetlwin on February 28, 2008 at 10:22 AM said...

oooooh My God!!

1st you lost someone special..,

2nd you wont forget your 1st love..,

Now.., U died at the end..,

What else will you be bring up next!!!

ein on February 28, 2008 at 7:27 PM said...

ဆည်းလည်းမဟုတ်တဲ့ ရယ်သံလေးတွေပေါ့နော်...:D
အော်အော်...သယ်ရင်းလေးရဲ့ သုညဖြစ်နေတဲ့ နှလုံးသားလေးကို စတေးခဲ့တယ်ပေါ့နော်...:D
ကျွန်တော်သေဆုံးတဲ့နေ့ကဗျာလေးကောင်းတယ်ဝေ့

တည်ညိမ်းကို ( သို့မဟုတ် ) on February 28, 2008 at 9:29 PM said...

တောင်စွယ်တောင် နေမကွယ်သေးဘူး
ဒေ၀ီမရဲ့ မှော်အလှမှာ
သုညဖြစ်နေတဲ့ နှလုံးသားကိုစတေး
တိတ်တိတ်လေး ကျွန်တော် သေဆုံးခဲ့ရတယ်..

အဖွဲ့လေးလှတယ်ဝေးး ... တစ်ပုဒ်လုံးကိုကြိုက်တယ် ... ဒီအပိုဒ်ကတော့ အကြိုက်ဆုံးပဲ ...

lwansay on February 28, 2008 at 9:29 PM said...

ခံစားချက်ခြင်းတူနေတယ် တယ်ရင်း ။ ဒီကဗျာ ငါ့ဘလောဂ်မှာ တင်ခွင့်ပေးပါ သယ်ရင်း။ အကြောင်းပြန်ဦး တယ်ရင်း။ :D

ThinkingHoney on February 29, 2008 at 4:00 AM said...

သူလဲ သေရှာပြီကိုး
ဘလော့ဂ်တွေမှာ လူသေတွေချည်း ဖြစ်ကုန်ပဟ
ဒီကဗျာ ကြိုက်တယ်ဗျို့

မင်းကျန်စစ်။ on March 2, 2008 at 8:22 PM said...

ဆည်းလည်းလိုမဟုတ်ပါပဲ
တွဲလဲခိုနေတဲ့
သူမရဲ့ ရယ်သံချိုချိုကြားမှ
ဥသြ ကို ငါ သနားမိတယ်.... ဆိုတဲ့ အပိုဒ်လေး ကြိုက်သကွာ။ ချစ်သူကို မှန်ချိုစားခိုင်းထားတယ် :D

Anonymous said...

သူမရဲ့ ရယ်သံချိုချိုကြားမှ
ဥသြ ကို ငါ သနားမိတယ်။
ဘီလိုအသံမျိုးလေးလဲ နားထောင်ကြည့်ချင်တယ်
ဖြူဖြူကျော်သိန်းလို တော့ အရမ်းကြိးဆူမှာမဟုတ်ဘူးထင်တယ်နော်...ဟားဟားး
ကဗျာတွေဖတ်ပြီး ကျနော်လဲရေးတတ်ချင်တယ် ဒါပေမယ့်လဲ ပါရမီကမပါလေတော့.....အဟမ်းးးးးးးးးးးးးး

တင့်ထူးရွှေ on March 21, 2008 at 3:22 PM said...

အင်း ကဗျာ အဖွဲ့လေး ကြိုက်တယ်
စကားလေးတွေ မိုက်တယ်ဗျ
လက်တက်တာတော့ အမှန်ပဲဗျို့

Mhu Darye on April 5, 2008 at 2:52 AM said...

ကျွန်တော်သေဆုံးတဲ့နေ့ကို စားသုံးလို့ အပြီးမှာ...ကျန်တဲ့ ဟာတွေ ဆေးမတိုးတော့ဘူး။ ဟုတ်တယ်...ဒီအရသာပဲ။ အားးးးးးး ဒီကဗျာကို အကြိုက်ဆုံးပဲ။

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template