Saturday, February 16, 2008

နှလုံးသားစစ်စစ်ဖြင့် လွမ်းဆွတ်သောတေး


အမေ…
အဝေးက သားတစ်ယောက်ကိုလွမ်းရလို့
အမေ့နှုတ်ခမ်းဝမှာ နွမ်းလျနေမှာပေါ့
တမ်းတ မနေပါနဲ့အမေ
တစ်နေ့ကျရင် အမေ့အခန်းဝကို
သားလှမ်းရမှာပါအမေ…..


မှန်းမရတဲ့အနာဂတ်အတွက်
စာတွေတက်အောင် သင်ပါဆိုတဲ့
အမေ့ရဲ့လိုအင်တွေ
သားပြင်ဆင်ထမ်းပိုးရင်း
အမေ့ထမင်းနဲ့ဟင်းကိုလွမ်းတယ်…

သားကိုချစ်တဲ့ အမေရေ…
အားသစ်တွေအမြဲပေးတဲ့
အမေ့ရဲ့တေးတွေက
သားအတွက် အားဆေးပါ….


ဝေးစမ်းပါစေအမေ…..
ကမ္ဘာတွေခြားသွားပါဦး
အမေ့နှလုံးသားထဲမှာ သားရှိသလို
သားအသွေးအသားထဲမှာလည်း
အမေ့ရေးထားတဲ့ နီတိတွေအပြည့်ပါအမေ…..


ပီတီတွေကိုပဲပေးချင်တဲ့ကျွန်တော်
အခုတော့လည်း မျှော်ကြည့်မရတဲ့ တစ်နေရာမှာ
နှလုံးသားကိုခဏ စတေးထားပြီး
လုံးပါးပါးလေး တည်ဆောက်
အမေမြှောက်ပေးတဲ့ မြေတောင်ကို
သားအပင်ပေါက်အောင် ကြိုးစားဆဲပါ….


တိုးသွားတဲ့ လေပြေတစ်ချက်
အမေ့ရင်ခွင်တစ်ဖက်လောက်
မအေးချမ်းဘူးအမေ…
သွေးရူးသွေးတန်းနဲ့
သောကတောင်တန်းတစ်ဖက်မှာ
အသက်ဆက်ရင်း
ညစဉ်ရက်ဆက် ကန်တော့လျှက်ပါအမေ…..



ဖြိုးငယ်

10 comments:

Anonymous said...

ကဗျာဆရာရေ့...
အမေနဲ့  ဝေးနေတဲ့ သားတိုင်းအတွက် ကဗျာကောင်းလေးတစ်ပုဒ်ပါ ....
အရမ်းကောင်းတယ်ဗျ..
အားပေးနေပါတယ် ....

kthuyein on February 17, 2008 at 12:51 AM said...

အမေ့ကို လွမ်းသွား ပြီဗျာ ... ထိတယ် .. နောက်လဲ ဒီလို ကဗျာမျိုးတွေ ဖတ်ချင်တယ် ဗျို့ .. =)

Layma on February 17, 2008 at 3:22 AM said...

အရမ်းလိမ်မာတဲ့ သားတစ်ယောက်ပဲ...။

lwansay on February 17, 2008 at 4:39 AM said...

အမေကို လွမ်းသွားတယ်ဗျာ။

Massage Service In London on February 17, 2008 at 4:40 PM said...

The poem u compose was mesmerizing. It does grip my heart to made me missed my mum a lots as i am away from home too.

Keep posting stunning poem like that.

Weldone you!!!

Anonymous said...

ကဗျာလေးတော်တော်ကောင်းတယ် ကိုဖြိုးငယ်.. အားပေးလျှက်ပါနော်.. အသစ်တွေမျှော်နေပါတယ်.. :)

တင့်ထူးရွှေ on February 18, 2008 at 12:30 PM said...

ကဗျာ ပုံစံလေး ကွဲသွားတယ်နော်
အားပေးနေပါတယ် သူငယ်ချင်း
ပျော်ရွှင်ပါစေ :)

Smilemay on February 18, 2008 at 8:25 PM said...

ကဗျာလေး ဖတ်ပြီး တော့ မေမေကို သတိရသလို ဘယ်တော့မှ တံခါးခေါ်က်လိုက်တိုင်း ပြန်ထူးသံမကြားရတော့တဲ့ ဖေဖေ အခန်းကိုလည်း သတိရတယ်

soemyanandarthetlwin on February 19, 2008 at 5:14 PM said...

I couldn't resist to read your poem again. It's very touching every singel time i read.

In fact this time is really made my tear out as the poem spirit grip my heart tight.

Due to Mother's day in UK, I will copy that poem to send the card for my mum.

Thanks ever so much to brought that poem up.

Keep up the great job!!!!

ein on February 28, 2008 at 7:45 PM said...

သယ်ရင်းရေ...ငါလဲ အမေကို လွမ်းသွားတယ်ဟာ...
ညစဉ်ရက်ဆက် ကန်တော့လျှက်ပါဆိုတဲ့ သားသားလိမ္မာလေးပေါ့နော်...:)

 

ရင်ထဲကပန်းတစ်ပွင့် ( သို့ ) ရင်ခွင်တံခါးက ပေါက်ကွဲသံ Copyright © 2008 Black Brown Art Template by Ipiet's Blogger Template